ကာကွယ်ရေးဇုန်ထဲ တရုတ်နှင့် ရုရှားတိုက်လေ ယာဉ်များ ဝင်လာပြီးနောက် တောင်ကိုရီးယားမှ ဂျက်လေယာဉ်များ အရေးပေါ်တက်ခဲ့ရ

ဒီဇင်ဘာ ၁၄

      ၎င်း၏ လေကြောင်းရန်ကာကွယ်ရေးဇုန်အတွင်းသို့ ပျံသန်းလာသည့် တရုတ်နှင့် ရုရှားစစ်လေယာဉ်များကို တုံ့ပြန်သည့်အနေဖြင့် တောင်ကိုရီးယားစစ်တပ်က တိုက်လေယာဉ်များ ဖြန့်ကျက်ချထားကြောင်း ပြောကြားခဲ့သည်။

      ရုရှားနှင့် တရုတ်လေယာဉ် လေးစင်းသည် အရှေ့ပင်လယ်ဟု လူသိများသော ဂျပန်ပင်လယ်ကို ဖြတ်ကျော်၍ ကိုရီးယား လေကြောင်းကာ ကွယ်ရေးဇုန် (KADIZ)ကို နံနက် ၁၁ နာရီ ၅၃ မိနစ် (၀၂း၅၃ ဂရင်းနစ် စံ တော်ချိန်) နှင့် ၁၂ နာရီ ၁၀ မိနစ် (၀၃း၁၀ GMT) ကြား၊ ကြာသပတေးနေ့တွင် ဖြန်သန်းပြီးနောက် ထွက်ခွာသွားခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များ (JCS) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

      အဆိုပါ လေယာဉ်များသည် တောင်ကိုရီးယား ပိုင် နက် ဝေဟင်ပိုင်နက်ကို ချိုးဖောက်ခြင်း မရှိကြောင်း စစ်တပ်က ပြောကြားခဲ့သည်။

       ADIZ သည် အများအားဖြင့် နိုင်ငံများမှ နိုင်ငံခြားလေယာဉ်များအား ၎င်းတို့ကိုယ်မိမိ ခွဲခြားသတ်မှတ်ရန် အထူးခြေလှမ်းများပြုလုပ်ရန် တစ်ဖက်သတ်တောင်းဆိုနိုင်သည့် နယ်မြေတစ်ခုဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့မှ သိရသည်။

     လေကြောင်းကာကွယ်ရေးဇုန် (KADIZ)မှာ ကမ်းရိုး တန်းမှ ရေမိုင် ၁၂ မိုင်အကွာတွင် ၎င်း ၏ပိုင်နက်အထက် အာကာသကိုဆိုလိုသည့် နိုင်ငံတစ်နိုင်ငံ၏ ဝေဟင်ပိုင်နက်နှင့် ကွာခြားသည်။ ဝေဟင်ပိုင်နက်နှင့် မတူဘဲ လေကြောင်းရန်ကာ ကွယ်ရေးဇုန်များသည် နိုင်ငံတကာဥပဒေများတွင် မရှိပါ။

      KADIZ အတွင်းသို့ မပျံသန်းမီ နိုင်ငံခြားလေ ယာဉ်များကို ရှာဖွေတွေ့ရှိခဲ့ပြီး နည်းဗျူဟာပိုင်းဆိုင်ရာ တိုင်းတာမှုများပြုလုပ်ရန် ၎င်း၏လေတပ် တိုက်လေ ယာဉ်များကို အရေးပေါ်ပျံတက်ခဲ့ကြောင်း JCS မှ ပြောကြားခဲ့သည်။

      တောင်ကိုရီးယား၏ Yonhap သတင်းဌာနက တရုတ်နှင့် လေယာဉ်လှုပ်ရှားမှုကို ကန့်ကွက်ကြောင်း JCS အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ သို့သော် လည်း ရုရှားနှင့် ယင်းပြဿနာကို ပြောကြား မရှိခဲ့ပေ။

      မော်စကိုသည် ကိုရီးယား၏ လေကြောင်းကာကွယ် ရေးဇုန်ကို အသိအမှတ်မပြုပါ။  ဘေဂျင်းက အဆိုပါဇုန်သည် နယ်မြေပိုင်နက်လေပိုင်နက်မဟုတ်ကြောင်းနှင့် နိုင်ငံအားလုံး ထိုနေရာတွင် လွတ်လပ်စွာသွားလာခွင့်ကို ခံစားသင့်သည်ဟု ဘေဂျင်းက ပြောကြားခဲ့သည်။

      တရုတ်နှင့် ရုရှားတို့သည် မြောက်ကိုရီးယား၏ အစဉ်အလာမဟာမိတ်များဖြစ်ပြီး ပြုံယမ်းနှင့် မော်စကိုကြား စစ်ရေးဆက်ဆံမှုမှာ “ကြီးထွားပြီး အန္တရာယ်များ” ကြောင်း တောင်ကိုရီးယား၏ မဟာမိတ် ဝါရှင်တန်က ပြီးခဲ့သည့်လတွင် သတိ ပေးခဲ့သည်။

      တရုတ်နှင့် ရုရှားစစ်လေယာဉ်များသည် ဇွန် လတွင် ဂျပန်ပင်လယ်နှင့် အရှေ့တရုတ်ပင်လယ်တို့၌ ပူးတွဲလေတပ်ကင်းလှည့်မှုများ ပြုလုပ်နေစဉ်  တောင်ကိုရီးယား၏ လေပိုင်နက်အတွင်းသို့ နောက်ဆုံးချဉ်း ကပ်လာခဲ့သည်။  ထိုလှုပ်ရှားမှုကို တုံ့ပြန်ရန်အတွက် ဆိုးလ်သည် တိုက်လေယာဉ်များ ဖြန့်ကျက်ချထားခဲ့သည်။

      မော်စကိုနှင့် ပေကျင်းမှ စစ်ဘက်ဂျက်လေ ယာဉ်များသည် ကိုရီးယားကို  ၎င်း၏ တိုက်လေ ယာဉ်များကို အရေးပေါ်တက်ရန် စေ့ဆော်မှုဖြစ်စေခဲ့သော ဆိုးလ်၏ CADIZ ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ဝင်ရောက်ပြီး ထွက်ခွာခဲ့သည်ဟု Aljazeera သတင်းဌာနက ဖော်ပြထားသည်။

#PAN