တောင်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင် တစ်ဦး ယာခင်းအတွင်း ထွန်ယက်နေစဥ် အကြမ်းဖက် PDF များက လာရောက်သတ်ဖြတ်

ဒီဇင်ဘာ ၁၃

     မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ဘုရားလှကျေးရွာနှင့် ဖက်တောကျေးရွာကြား ယာခင်းတွင် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင် တစ်ဦးကို အကြမ်းဖက် PDF များက ယနေ့ ညနေပိုင်းတွင် လာရောက်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားသည်ဟု သိရပါသည်။

      တောင်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၊မြို့နယ်ကော် မတီဝင်ဖြစ်သူ ဦးဟန်ထွန်းအောင်၊၄၀နှစ်၊(ဘ)ဦးဝင်းအောင်၊တောင်သူ၊ဘုရားလှကျေးရွာ၊တောင်သာမြို့ နယ်နေသူသည် ၎င်းပိုင်ယာခင်းထဲတွင် ထွန်စက်ဖြင့် ထွန်ယက်နေစဥ် ယနေ့ ညနေ ၅ နာရီအချိန်ခန့်တွင် အကြမ်းဖက်သမား ၄ ဦးက ဆိုင်ကယ် ၃ စီးဖြင့် သေ နတ် တို/ရှည်များ ကိုင်ဆောင်ကာရောက်ရှိလာပြီး ဦးဟန်ထွန်းအောင်မှာ ထွန်စက်မောင်းနေရာမှ ကြောက်လန့်ပြီး ထွက် ပြေးစဥ် အကြမ်းဖက်အဖွဲ့မှ သေနတ်ဖြင့်ပစ်ခတ်ရာ ယာ-ပေါင် သေနတ် ၁ချက်ထိမှန်၍ ယာ ခင်းထဲလဲကျနေစဥ် အကြမ်းဖက်အဖွဲ့မှ ထပ်မံပစ်ခတ်သဖြင့် ဝဲဖက်မျက်လုံး ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ဝဲဖက်နားရွက် ရှပ်ထိဒဏ်ရာ ၁ ချက်ဖြင့် အခင်း​ဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။

      အကြမ်းဖက်သမားများသည် ဘုရားလှကျေးရွာ ၏ အရှေ့ဘက်ရှိ မိုးနှောင်းခင်းကျေးရွာဘက်သို့ ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။

#PAN