တောင်သာမြို့နယ်တွင် ပျူစောထီများကို စျေးရောင်းပေးသည်ဟု စွပ်စွဲချက်ဖြင့် နေအိမ်တွင် စျေးရောင်းသူ အရပ်သားပြည်သူ သားအမိနှစ်ဦးကို PDF များက သတ်ဖြတ်

ဒီဇင်ဘာ ၁၃

     မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊နန်းမြင့်ကျေးရွာတွင် စျေးဆိုင်ဖွင့်လှစ်ရောင်းချနေသော သာမန်ပြည်သူ နှစ်ဦးကို ယနေ့ မွန်းလွဲ ပိုင်းတွင် အကြမ်းဖက်သမား PDF များက နေအိမ်စျေးဆိုင်အတွင်း ဝင်ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သတ် ဖြတ်ခဲ့ကြောင်း သိရပါသည်။

      တောင်သာမြို့နယ်၊နန်းမြင့်ကျေးရွာနေ ဦးဘထိုက်၊ ၅၃နှစ်၊(ဘ)ဦးပြူး၊  ဇနီးဖြစ်သူ ဒေါ်စန်းအေး၊ ၄၅နှစ်၊(ဘ)ဦးဘိုကြည်၊စျေးရောင်းနှင့်သားဖြစ်သူ မင်းမင်းထွန်း၊၁၇နှစ်၊(ဘ)ဦးဘထိုက်၊စျေးရောင်းတို့အတူရှိနေစဥ် ယနေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် အကြမ်းဖက်သမား PDF ၄ ဦးက ဆိုင်ကယ် ၂ စီးဖြင့် သေနတ် တို/ရှည်များ ကိုင်ဆောင်ကာ ရောက်ရှိလာပြီး သားအဖ ၃ ဦးအား ဒူးထောက်ခိုင်း၍ ပျူအဖွဲ့များကို စျေးရောင်းနေတယ် ဟုဆိုကာ ဇနီးဖြစ်သူနှင့် သားဖြစ်သူအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဒေါ်စန်းအေးတွင် ဝဲ-လက် ကောက်ဝတ် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ဝဲ-နား ထင် ပွင့်ထွက်ဒဏ်ရာ ၁ ချက်၊ယာ-လက်ဖျံ ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့်လည်းကောင်း၊ မင်းမင်းထွန်းတွင် ဝဲ-လက်ဖျံ ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ နောက်စေ့မှဖောက်ဝင်၍ ရှေ့နဖူး ဖောက်ထွက်ဒဏ်ရာ ၁ ချက်ဖြင့်လည်းကောင်း နေအိမ်အတွင်း မှောက်လျက်အနေအထားဖြင့် သေ ဆုံးခဲ့ကြောင်း သိရပါသည်။

     အဆိုပါ အကြမ်းဖက်သမား PDF များက ဦးဘထိုက်အား ” ခင်ဗျား အေးအေးဆေး ဆေးနေ၊စျေးထပ်ရောင်းရင် ခင်ဗျားပါ သတ်ပစ်မယ် ” ဟု ပြောဆိုပြီး နေအိမ်အတွင်းမှ DAYAN အမျိုးအစား ဆိုင်ကယ်အားယူဆောင်ကာ ကံဆင့်ကျေး ရွာဘက်သို့ ထွက်သွားကြောင်း သတင်းရရှိပါ သည်။

#PAN