ကိုရီးယားနိုင်ငံကို EPS လုပ်သား ၉,၀၀၀ ကျော်စေလွှတ်ခဲ့

ဒီဇင်ဘာ ၅

      ကိုရီးယားသမ္မတနိုင်ငံကို EPS စနစ်နှင့် လုပ် သားများ စေလွှတ်ပေးနေရာတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ လုပ်သား ၉,၂၃၉ ယောက် စေ လွှတ်ခဲ့ပြီးဖြစ်သည်ဟု အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီ POEA မှ သိရပါသည်။

       လုပ်သားများ စေလွှတ်ရာ၌ ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် စေလွှတ်ပေးခဲ့ခြင်းဖြစ်ပြီး ကုန်ထုတ်လုပ်သား ၇,၀၀၀ ကျော်၊ ဆောက်လုပ်ရေးလုပ်သား ၂၀၀ ကျော်နှင့် စိုက်ပျိုးရေးလုပ် သား ၁,၀၀၀ ကျော် စေ လွှတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။

       လက်ရှိတွင် ကိုရီးယားကို EPS စနစ်တစ်မျိုးတည်းနှင့် အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီက စေလွှတ်နေခြင်း ဖြစ်ပါသည်။ လာမည့်နှစ်တွင်လည်း နိုင်ငံပေါင်း ၁၆ နိုင်ငံက EPS လုပ် သား ၁၆၅,၀၀၀ အထိ တိုးမြှင့် ခေါ်ယူသွားမည်ဖြစ်သည်ဟု ကိုရီးယားအလုပ်အကိုင်နှင့် အလုပ် သမားဝန်ကြီးဌာနက ကြေ ညာထားပါသည်။

#PAN