ပေါင်းတည်မြို့နယ်၊ ညောင်နီပင်ကျေးရွာ၊ ရာအိမ်မှူး ဦးသိန်းနိုင်အား ပြည်ခရိုင် PDF အကြမ်းဖက်အဖွဲ့မှ လာရောက်ပစ်ခတ်ခဲ့ရာ ၎င်း၏ ဇနီး ဒေါ်ခင်ဝင်းငယ် နေရာတွင် သေဆုံးခဲ့

နိုဝင်ဘာလ ၂၈

ယနေ့နံနက် ၆ နာရီ ၃၀ မိနှစ်ချိန်ခန့်တွင်  ပဲခူးတိုင်းဒေသကြီး(အနောက်)၊ နတ္တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊  ညောင်နီပင်ကျေးရွာအုပ်စု၊ ညောင်နီပင် ကျေးရွာ၊ အမှတ်(၁)နေရာအိမ်မှူး  ဦးသိန်းနိုင်၏ နေအိမ်ခြံဝန်း အတွင်းသို့   ပြည်ခရိုင် PDF အကြမ်းဖက်အဖွဲ့မှ လက်နက်ငယ်ဖြင့်  လာရောက်ပစ်ခတ်ခဲ့သဖြင့် ၎င်း၏ ဇနီး ဒေါ်ခင်ဝင်းငယ် နေရာတွင် သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ ရာအိမ်မှူး ဦးသိန်းနိုင် ၅၂ နှစ်၊ (ဘ)ဦးကျော်မြတ်၏ နေအိမ်ခြံဝန်းအတွင်းသို့ ပြည်ခရိုင် PDF အကြမ်းဖက်အဖွဲ့မှ အကြမ်းဖက်သမား ၇ ဦးသည် လက်နက်ငယ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် ဦးသိန်းနိုင်တွင် ယာတင်ပါးအထက် ပြတ်ရှ ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ရရှိပြီး ၎င်း၏ ဇနီး ဒေါ်ခင်ဝင်းငယ် ၄၈ နှစ်၊ (ဘ)ဦးဖိုးဒေါင်းတွင် လက်နက်ငယ် ကျည်ဝဲဘက်ခါး ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဆီးခုံဖောက်ဝင် ဒဏ်ရာ ၁ ချက်ရရှိကာ နေရာတွင် သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

PAN