လမ်းမတော်မြို့နယ် အမှတ် (၄) ရပ်ကွက် မြေညီထပ်ရှိ နေအိမ်အခန်းတွင် အမျိုးသားတစ်ဦး အသတ်ခံရ

နိုဝင်ဘာ ၂၈

ယနေ့ နံနက်၁၁နာရီခွဲ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ (၉)လမ်း၊ အမှတ်(၇၄)၊ မြေညီထပ်(ဝဲ)တွင် အမျိုးသားတစ်ဦး နေအိမ်ခန်းထဲ၌ သေဆုံးနေကြောင်းသတင်းအရ သက်ဆိုင်ရာလုံ​ခြုံး​ရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သေဆုံးသူမှာ ဦးမောင်ဝင်း(၆၇)နှစ်ဖြစ်ပြီး ကားအရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်နေကြောင်း၊ အိမ်အခန်းအတွင်း ဦးခေါင်းတွင် သွေးစများဖြင့် အသတ်ခံရခြင်း​ဖြစ်ပြီး ၎င်းပိုင်ဆိုင်သည့် ကားကိုလည်းယူသွား​​​ကြောင်း ၊ မည်သည့် အကြောင်းကြောင့် သတ်ဖြတ်သွားသည်ကို သိရှိရခြင်း မရှိသေးကြောင်းကနဦးသတင်းရရှိသည်။

#PAN