ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ တတိယအကြိမ် ဓားစာခံများ လဲလှယ်ခြင်းနှင့် ဟားမတ်စ် အကြီးတန်းအရာရှိများကို လုပ်ကြံရန် မော့ဆက်အား အမိန့်ပေးထားခြင်း အပါအဝင် အစ္စရေး – ပါလက်စတိုင်း ဂါဇာကမ်းမြောင် ဒေသ စစ်ပွဲ ၅၁ ရက်မြောက်နေ့ နောက်းဆုံးရ ဆက်စပ်သတင်းများ

နိုဝင်ဘာ ၂၇

      ဟားမတ်စ်တို့၏ ကျူးကျော်တိုက်ခိုက်မှုကြောင့်
အစ္စရေးတို့မှ စစ်ပွဲအဖြစ် ကြေညာခဲ့ရာ ၅၁ ရက်သို့
ရောက်ရှိလာခဲ့ပြီး အစ္စရေးဖက်မှ သတင်းထပ်မံထုတ် ပြန်မှု မရှိသဖြင့် နိုဝင်ဘာ၂၄ ရက်နေ့က အတိုင်း ၁,၂၀၀ ဦးခန့် သေဆုံး၊ ၉,၀၃၈ ဦးခန့် ဒဏ်ရာရ၍ အစ္စရေးစစ်သား ၃၉၂ ဦး ကျဆုံးခဲ့ကြောင်း၊ ဓားစာ ခံ၂၃၆ ဦး ထိန်းသိမ်းခံထားခဲ့ရာမှ နိုဝင်ဘာ ၂၄ ရက်က အစ္စရေး အမျိုးသမီးနှင့်ကလေးများအပါ ၁၃ ဦး၊ နိုဝင်ဘာ ၂၅ ရက် စနေနေ့ ၁၃ ဦး၊ နိုဝင်ဘာ ၂၆ရက် တနင်္ဂနွေနေ့ ၁၃ ဦး၊ စုစု ပေါင်း ၃၉ ဦး စေလွှတ်ပေးခဲ့ကြောင်း၊ အစ္စရေးဖက် မှ တစ်ရက်လျှင် ၃၉ ဦးနှုန်းဖြင့် ပါလက်စတိုင်းစုစုပေါင်း ၁၁၇ ဦး စေလွှတ်ပေးခဲ့ကြောင်း၊ ဂါဇာကျန်းမာရေးဝန်ကြီးဌာနမှလည်း အသစ်ထုတ်ပြန်မှုမရှိပဲ နိုဝင်ဘာ ၂၄ ရက်၊မွန်းလွဲပိုင်း ထုတ်ပြန်ချက်အရ ပါလက်စတိုင်း စုစုပေါင်း ၁၄,၈၅၄ ဦး ကျော် သေဆုံး၍ ဒဏ်ရာရ ၃၆,၀၀၀ ခန့် ရှိသည်ကို Al-jazeera သတင်းဌာန၊ ယမန့်နေ့ ညနေ ၄ နာရီ သတင်းအရ သိရသည်။

       နိုဝင်ဘာ ၂၆ ရက်၊တနင်္ဂနွေနေ့တွင် IDFမှ COGAT အဖွဲ့ သည် ဂါဇာကမ်းမြောင်သို့ ထရပ်ကားအစီးရေ ၂ဝဝ ခန့် ဝင်ရောက်ရန် ညှိနှိုင်းခဲ့ပြီး ၎င်းတို့အနက် ၄၂ စီးမှာ အမိုးအကာပစ္စည်းများ တင်ဆောင်ထားကြောင်း၊ အမေရိကန်နှင့် သဘောတူညီချက်အရ အစ္စရေးအစိုးရနှင့် အီဂျစ်၊ကုလသမဂ္ဂအဖွဲ့တို့ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယနေ့ နို ၂၆ ရက်အထိ အမိုးအကာပစ္စည်းများ တင်ဆောင်ထားသည့် ထရပ်ကား ၂၂၆ စီး ဂါဇာကမ်းမြှောင်သို့ လွှဲ ပြောင်း ပေးခဲ့ကြောင်း၊ ၎င်းသည် Nitzana Crossing မတိုင်မီ စစ်ဆေးထားသည့် Rafah Crossing မှတစ်ဆင့် နိုင်ငံ တကာအကူအညီပေးရေးအဖွဲ့အစည်းများထံ ပေးပို့နေသည့် လူသားချင်းစာနာမှု အကူအညီ၏ တစ်စိတ်တစ်ပိုင်းဖြစ် ကြောင်း၊ ဆောင်းရာသီမတိုင်မီ အရပ် သားများအတွက် အမိုးအကာတဲများ၊ စောင်နှင့် မွေ့ယာ တန်ချိန် ၃ ၆၀၀ ခန့်ကို လွှဲပြောင်းပေးခဲ့ကြောင်း၊ စစ်ပွဲစတင်ကတည်းက ထရပ်ကားအစီးရေ ၂,၀၀၀ ကျော် ဂါဇာကမ်းမြှောင်သို့ ဝင်ရောက်ခဲ့ပြီး ရေ၊ အစား အစာနှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများကို ဂါဇာသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

       နိုဝင်ဘာ ၂၆ရက် တနင်္ဂနွေနေ့တွင် အစ္စရေးနိုင်ငံတွင်း လက်ဘနွန်၊ ဆီးရီးယားဖက်မှ ပစ်ခတ်ခြင်း၊ Red Sea ဖက် ပစ်ခတ်ခြင်း၊ ဂါဇာကမ်းမြှောင်ဖက်မှ ပစ် ခတ်ခြင်းများ မရှိခဲ့ပဲ ငြိမ်သက်နေခဲ့ကာ တစ်နိုင်ငံလုံးအနှံ့ ရော့ကက်အချက်ပေးသံ မရှိခဲ့ဟု သိရသည်။

       ဟားမတ်စ်အဖွဲ့မှ နိုဝင်ဘာ ၂၆ ရက် ပြန်လွှတ် ပေးရန် စီစဉ်ထားသော ဓားစာခံများစာရင်းကို လက် ခံရရှိထားကြောင်း ဝန်ကြီးချုပ်ရုံးက တနင်္ဂနွေနေ့ နံနက်အစောပိုင်းတွင် ကြေညာခဲ့ပြီး၊ လွတ်မြောက်ဓားစာခံ ၁၂ ဦးသည် Hatzerim အခြေစိုက်စခန်း၌ ကနဦး ဆေးဘက်ဆိုင်ရာ အကဲဖြတ်မှုအပြီးတွင် ၎င်းတို့အား ထိုနေရာမှ ဆေးရုံများသို့ ပို့ဆောင်ကာ ၎င်းတို့၏ မိသားစုများနှင့် ပြန်လည်တွေ့ဆုံမည် ဖြစ် သည်။ မကြာခင်က ကြက်ခြေနီ ကိုယ်စားလှယ်များကလွတ်မြောက်လာသည့် ဓားစာခံလေးဦးဖြစ်သော ထိုင်း ၃ ဦး၊ အစ္စရေး- ရုရှား တစ်ဦးကို Rafah Crossing မှတဆင့် လွှဲပြောင်းပေးခဲ့ကြောင်း သိရပြီး၊ နိုဝင်ဘာ ၂၆ ရက် တနင်္ဂနွေနေ့တွင် အစ္စရေး ၁၃ ဦးနှင့် ထိုင်း ၃ ဦး စုစုပေါင်း ၁၆ ဦး ဟားမတ်စ်တို့ဖက်မှ ပြန်လွှတ်ပေးခဲ့သည်။

       အစ္စရေးက ဖမ်းဆီးအကျဉ်းချထားသည့် ပါလက် စတိုင်း ကလေး ၃၉ ဦးကို ရာမာလာအနောက်ဘက် Beitunia မြို့ရှိ “ofer” စစ်အကျဉ်းထောင်မှ လဲလှယ် ရေး အစီအစဉ်အရ တတိယအသုတ်အဖြစ် လွတ် မြောက်လာခဲ့ကြောင်း ပါလက်စတိုင်း WAFA News သတင်းအရ သိရသည်။

       IDF နှင့် ISA တို့သည် စစ်ဆင်ရေးခေတ္တရပ်နား
ခြင်းမပြုမီ ဂါဇာကမ်းမြှောင်တွင် အကြမ်းဖက်ဟား
မတ်စ် အကြီးတန်းတပ်မှူး ၅ ဦးကို ဖယ်ရှားရှင်းလင်း
နိုင်ခဲ့ကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။ ဟားမတ်စ်မြောက်ပိုင်း ဂါဇာတပ်မဟာမှူး Ahmed Ghandour သည် ဂါဇာကမ်းမြှောင်ရှိ ဒေသဆိုင်ရာ တပ်မဟာ ၅ ခု အနက်မှ တပ်မဟာမှူးတစ်ဦးဖြစ်ပြီး၊ ဂါဇာကမ်းမြှောင် မြောက်ပိုင်းရှိ ဟားမတ်စ်အကြမ်း ဖက်လှုပ်ရှားမှုအားလုံးကို ညွှန်ကြားသူ ဖြစ်ကြောင်း၊ အစ္စရေးအရပ် သားများနှင့် IDF တပ်ဖွဲ့များအပေါ် အကြမ်းဖက်မှုများနှင့် တိုက်ခိုက်မှုများကို စတင်အရှိန်တိုးမြှင့်လုပ်ဆောင်ခိုင်းခဲ့မှုအား အတည်ပြုနိုင်ခဲ့ကြောင်း၊ ၎င်းတို့တွင် ပစ် ခတ်မှု၊ ဗုံးခွဲမှု၊ ဒုံးကျည်ပစ်လွှတ်မှုနှင့် ယုဒနှင့် ရှမာရိတို့တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ပါဝင်ကာ အောက်တိုဘာ ၇ ရက် အစုလိုက်အပြုံလိုက် သတ် ဖြတ်မှုတွင် ဦးဆောင်သူ တစ်ဦးဖြစ်ကြောင်း သိရပါ သည်။

       ဟားမတ်စ် ဒုံးပျံ တပ်ဖွဲ့၏ခေါင်းဆောင်ဖြစ်သူ
Aiman Siam သည် ၁၅ နှစ်ခန့်ကြာအောင် ဟားမ
တ်စ်၏ ဒုံးပျံတပ်များ၊ လက်နက်သိုလှောင်မှုများနှင့်
အစ္စရေးနိုင်ငံအတွင်းသို့ ဒုံးကျည် ပစ်ခတ်မှုများ
အားလုံးကို လမ်းညွှန်ခြင်းနှင့် ညွှန်ကြားခြင်းများ
အတွက် တာဝန်ရှိသော အကြီးတန်းပုဂ္ဂိုလ် တစ်ဦး
ဖြစ်သည်။ ၎င်းအပြင် ဟားမတ်စ်၏ စစ်လက်ရုံးအဖြစ် ကျယ်ပြန့်သော အတွေ့အကြုံရှိကာ သိသာထင်ရှား ဗဟုသုတရင်းမြစ် ရှိသူဖြစ်ပြီး ဟားမတ်စ်နှင့် အစ္စရေးတို့ကြား ယခင်ပဋိပက္ခများတွင် ပါဝင်လှုပ်ရှားခဲ့သူ ဖြစ်သည်။

      ဟားမတ်စ်မြောက်ပိုင်း ဂါဇာတပ်မဟာ၏လက်
ထောက်တပ်မှူး Wael Rajeb Rajeb သည် တပ်မ
ဟာ၏ စစ်ဆင်ရေးအတွက် တာဝန်ရှိကြောင်း၊ သူ
သည် ယခင်က ဂါဇာကမ်းမြှောင်မြောက်ပိုင်းရှိ
မတ်စ်ရဲတပ်မှူးဖြစ်ပြီး နောက်ပိုင်းတွင် Beit Lahia
တပ်ရင်း၏ တပ်မှူးဖြစ်ခဲ့ကြောင်း၊ တပ်မဟာ၏
တပ်ရင်းမှူးများနှင့် ချိတ်ဆက်သည့် ဟားမတ်စ်
အကြီးတန်းစစ်ဆင်ရေးမှူး တစ်ဦးဖြစ်ကြောင်း သိရသည်။

        ဟားမတ်စ်၏ Judea နှင့် Samaria ဌာနချုပ်ရှိ Tulkarm ကော်မတီအကြီးအကဲ Farsan Halifa
သည် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ် အကြမ်း ဖက်သမားများနှင့် နီးစပ်ကာ Nur Shams Camp
ရှိ တပ်ရင်းများနှင့် အကြမ်းဖက်အဖွဲ့များ ဖွံ့ဖြိုးတိုး တက်ရေးတွင် ပါဝင်ခဲ့သည်။ Ahmed Ghandour နှင့် Aiman Siam တို့ အသတ်ခံခဲ့ရသည့် တိုက်ခိုက်မှုအတွင်း Halifa ကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့သည်ဟု သိရသည်။

       ဂါဇာစီးတီးတပ်မဟာ၏ အကြီးတန်း စစ်ဆင်
ရေးမှူး Rafet Salman သည် ဂါဇာကမ်းမြှောင်
မြောက်ပိုင်းရှိ တိုက်ခိုက်ရေး အထောက်အကူပြု
တပ်မှူးလည်းဖြစ်ကာ အစ္စရေးကို တိုက်ခိုက်ရန်
တွက် ထိုးစစ်နည်းဗျူဟာနှင့် နည်းလမ်းများကို စီမံ
သည့် တပ်မဟာ၏ လက်ထောက်တပ်မှူးအဖြစ်
ဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ဂါဇာစီးတီး တပ်မဟာမှ
ဆောင်ရွက်သော အစ္စရေးနိုင်ငံတွင်း လေထီးဖြင့် ထိုး
ဖောက်ဝင်ရောက်ရန် စီမံကွပ်ကဲ ဆောင်ရွက်ခဲ့သူ
ဖြစ်ကြောင်း သိရသည်။

      အစ္စရေး စစ်ဦးစီးချုပ် LTG Herzi Halevi မှ
IDF တပ်မှူးများနှင့် စစ်သည်များကို  “IDF နှင့် ၎င်း ၏ စစ်သည်များသည် IDF ၏ တန်ဖိုးများကို လက် ကိုင်ထားကာ တို့ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရန် ပြင်းထန်စွာ တိုက်ပွဲဝင်ခဲ့ကြတယ်။ ဒီ ခေတ္တရပ်နားထားစဉ်အတွင်း ဓားစာခံဖမ်းဆီးခံထားရတဲ့ ကလေးများနဲ့ မိခင်များလွတ် မြောက်ရေးအတွက် ပထမမူဘောင် ချမှတ်ပြီးပါက ဓားစာခံများ ဆက် လက်လွတ်မြောက်ရေးနဲ့ ဟားမတ်စ်အဖွဲ့ အပြီးအပြတ် ဖျက်သိမ်းရေးတို့အတွက် လုပ် ငန်းများကို သန္နိဋ္ဌာန်ဖြင့် ပြန်လည်လုပ်ဆောင်သွားကြမယ် “ဟု ပြောဆိုခဲ့သည်။

       ဆက်လက်ပြီး “မြေပေါ်မြေအောက် နှစ်ဘက်စလုံး ရဲ့ ရှုပ်ထွေးတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရင်းတိုက်ပွဲတွေကြားမှာ နာရီပေါင်းများစွာ ကြာမြင့်တဲ့ အဆုံးမှာ မင်းတို့ အတော်များများကို ငါတွေ့ခဲ့တယ်။ ကြုံတိုင်း တွေ့တိုင်း အခိုက်အတန့်မှာ ပြင်းထန်တဲ့ စွမ်းအား၊ တိုက်ပွဲဝင် စိတ်ဓာတ်နဲ့ ရည်မှန်းချက်တွေ အားလုံးကို ပြီးမြောက်ဖို့ စိတ်ပိုင်းဖြတ်ထားတာကို မင်းတို့ရဲ့မျက် လုံးထဲမှာ ထင်ဟပ်နေတာတွေ့ရတယ် ” ၊ ” ဓားစာခံတွေ ပြန်မရမချင်း စစ်ပွဲကို ဆက်တိုက်ချင်တယ်လို့ မင်းတို့ ပြောသံတွေကို ငါ ကြားနေရတယ်။ ဒါဆို ငါတို့က ဒီလိုပဲ ဆက်လုပ်နေကြရမှာပဲ” ဟု ပြောဆိုခဲ့ကြောင်း IDF မှ ထုတ်ပြန် ထားသည်။

      အစ္စရေးနှင့် ဟားမတ်စ်ကြား အပစ်အခတ်ရပ်စဲ
ရေးကို ရည်ညွှန်းပြီး ဟားမတ်စ်ဖမ်းဆီးထားသည့်
ဓားစာခံများ လွတ်မြောက်ရေး အတွက် အစ္စရေး ပြို
ကျမှုမှာ ရှင်းရှင်းလင်းလင်းဖြစ်ကြောင်း အီရန်စစ်တပ် ကာကွယ်ရေးဦးစီးချုပ် Abdolrahim Mousavi က ရဲဝံ့စွာ ပြောကြားခဲ့ကြောင်း၊ ဟားမတ်စ်များ၏ ” Al-Aqsa flood ” စစ်ဆင်ရေးသည် ပါလက်စတိုင်းပြဿနာကို အားလုံး အာရုံစိုက်လာစေခဲ့ကာ ကမ္ဘာပေါ်တွင် နံပါတ်တစ် ပြဿနာ အဖြစ်သတ်မှတ်ခဲ့ကြောင်း Mousavi က ပြောကြားခဲ့ပြီး “အစ္စရေးသည် ခုခံမှုတွင် အင်အားကင်းမဲ့ပြီး စစ်ရေးရည်မှန်းချက်များ မအောင်မြင်ခဲ့ဟု” ပြောဆိုခဲ့မှုကို နိုဝင်ဘာ ၂၆ ရက် ဂျေရုဆလင်ပို့စ် သတင်းအရ သိရသည်။

       နိုဝင်ဘာ ၂၆ ရက်နေ့တွင် ယီမင်တောင်ပိုင်းကမ်း ရိုးတန်းအနီးတွင် အစ္စရေးနှင့် ဆက်နွှယ်နေသည့် ရေနံတင်သင်္ဘောကို ဟူသီအဖွဲ့မှ စီးနင်းတိုက် ခိုက်ခဲ့သည်ဟု သတင်းများထွက်ပေါ်လျက်ရှိကြောင်း Egypt Today Magazine သတင်းအရ သိရှိရသည်။

       ပါလက်စတိုင်းအကြမ်းဖက်အဖွဲ့ ဟားမတ်စ်
သည် ကနဦးလေးရက်ကြာ အပစ်အခတ်ရပ်စဲရေး
ကာလထက် ကျော်လွန်၍ အစ္စရေးနှင့် အပစ်အခတ်
ရပ်စဲရေးကို သက်တမ်းတိုးရန် ကြိုးပမ်းနေကြောင်း
တနင်္ဂနွေနေ့ညက ထုတ်ပြန်ခဲ့ပြီး အဆိုပါ သဘောတူ
ညီချက်သည် အစ္စရေးမှ လွတ်မြောက်လာသူ ပါလက် စတိုင်း အကျဉ်းသားအရေအတွက် တိုးမြင့်လာစေရန် အလေးအနက် ကြိုးပမ်းမှုအပေါ် မူတည်မည်ဟု ဟားမတ်စ်က အခိုင်အမာ ပြောကြားဆိုခဲ့ကြောင်း၊ အစ္စရေးအရပ်သား ၇၀ ခန့်ကို ဓားစာခံအဖြစ် ဟားမတ်စ်က ဆက်လက်ထိန်းသိမ်း ထားနိုင်သည့်အတွက် နောက် ထပ် ခုနစ်ရက် ထပ်တိုးနိုင်မည်ဖြစ်သည်ဟု သိရကြောင်း နိုဝင်ဘာ ၂၆ ရက်၊ည ၈ နာရီ ၄၄ မိနစ်အချိန် ဂျေရုဆလင်ပို့စ်သတင်းအရ သိရသည်။

       အစ္စရေး-ဟားမတ်စ်စစ်ပွဲ၌ အပစ်အခတ်ရပ်စဲ
ရေး၏ အရိပ်အောက်တွင် ကာတာနှင့် အီဂျစ်တို့က
ဖျန်ဖြေပေးထားသည့် ဟားမတ်စ်များထံမှ ဓားစာခံ
များ လွတ်မြောက်ရေး သဘောတူညီချက်အရ ဝန် ကြီးချုပ် Benjamin Netanyahu ကတိပြုထားသည့် သတင်းရင်းမြစ်မှ ပြင်သစ်သတင်းထောက်
Georges Malbrunot က သတင်းပေးပို့ခဲ့ကြောင်း၊
ဒိုဟာမှာနေထိုင်သည့် ဟားမတ်စ်ခေါင်းဆောင်များကို အစ္စရေးက အရေးယူမှာ မဟုတ်ဘူးလို့ ကာတာနိုင်ငံကို ပြောဆိုခဲ့ကြောင်း၊ ပြင်သစ် အစီရင်ခံစာအရ ကာတာ အနေဖြင့် မော့ဆက်သည် နိုင်ငံအတွင်း လုပ်ကြံသတ် ဖြတ်ခြင်းများကို လုပ်ဆောင်မည် မဟုတ်ကြောင်း အစ္စရေးထံမှ အာမခံချက်ရရှိထားပြီး၊ ဒိုဟာသည် ဓား စာခံ ဖမ်းဆီးထားမှုကိစ္စတွင် ဖျန်ဖြေသူအဖြစ် တာဝန်မယူမီ လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်က ၎င်းအခြေအနေကို အစ္စရေးအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

       သို့သော် ပြီးခဲ့သည့် နို့ဝင်ဘာ ၂၂ ရက် ဗုဒ္ဓဟူး နေ့တွင် ဝန်ကြီးချုပ်သည် ကာကွယ်ရေးဝန်ကြီး Yoav Gallant နှင့် ဝန်ကြီး Benny Gantz တို့နှင့်အတူ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ ဟားမတ်စ် ခေါင်း ဆောင်များကို အရေးယူရန် မော့ဆက်အားပြတ်သားစွာ ညွှန်ကြားထားကြောင်း ပြောကြားပြီး၊ နေတန်ညာဟုက “ဟားမတ်စ် ခေါင်းဆောင်တွေ ဘယ်သူပဲဖြစ်ပါစေ အပစ်အခတ်ရပ်စဲရေးမှာ မလုပ်ဆောင်ဖို့ သဘော တူညီချက်မှာ ကတိကဝတ် မရှိဘူး” ဟု ပြောဆိုခဲ့ကြောင်း၊ ထို့နောက် ဟားမတ်စ်ခေါင်းဆောင်များအား လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင် ထိုအပိုဒ် ရှိမရှိ မေးမြန်းခဲ့ရာ ထိုအပိုဒ်မျိုး မရှိဟု သိရှိရပါသည်။

       အသေးစိတ်အချက်အလက်များအတွက် အရင်း
အမြစ်တစ်ခု၏အဆိုအရ နေတန်ညာဟုသည် ဟားမတ်စ် အကြီးတန်းအရာရှိများကို လုပ်ကြံရန် မော့ဆက်အား အမိန့်ပေးထားပြီးဖြစ်ကြောင်း၊ Gallant သည် ဟားမတ်စ်အကြီးတန်းအရာရှိများ၊ အထူး သဖြင့် Ismail Haniyeh နှင့် Khaled Mashal တို့ကို ရည် ညွှန်း၍ “သူတို့သည် ချေးယူထားသည့် အချိန်အတိုင်း နေထိုင်နေကြပြီး ကမ္ဘာတစ်ဝှမ်းလုံးတွင် ၎င်းတို့အား လုံးသည် လူသေများ ဖြစ်ကြသည်” ဟု ပြောကြားခဲ့ကြောင်း MAREIV Online News ကို နိုဝင်ဘာ ၂၆ ရက် ဂျေရုဆလင်ပို့စ်တွင် ဖော်ပြထားပါသည်။

#PAN