အမည်ပျက် စာရင်းသွင်း၍ ထိုင်း နိုင်ငံသား ၂၄ ဦးအား ထိုင်း နိုင်ငံသို့ ပြည်နှင် လွဲ​ပြောင်းပေး

နိုဝင်ဘာ ၂၄

     တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိရာမှ ဖမ်းဆီးရမိသည့်  ထိုင်းနိုင်ငံသား ၂၄ ဦးအား အမည်ပျက်စာရင်းသွင်းကာ ပြည်နှင်လွှဲပြောင်းပေးအပ်ခြင်းကို  ယနေ့ နံနက်ပိုင်းက ရှမ်းပြည် နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မဲခေါင် ရပ်ကွက်ရှိ ထိုင်း – မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတား အမှတ်(၂)တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

      အဆိုပါ ထိုင်း နိုင်ငံသား ၂၄ ဦးမှာ မြန်မာ နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်၍ မြန်မာ နိုင်ငံ၏ ဥပဒေများအား ချိုးဖောက်သဖြင့် တည်ဆဲ ဥပဒေအရ တရားစွဲဆို အရေးယူခြင်းမပြုပဲ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရှိ တာဝန်ရှိသူများထံ အမည်ပျက်စာရင်း ရေးသွင်း ၍ နှစ်နိုင်ငံတာဝန်ရှိသူများမှ အချင်းချင်း သဘောတူ လက်မှတ်ရေး ထိုးလွှဲပြောင်းပေးခဲ့ကြကြောင်း သိရှိရသည်။

      လွှဲပြောင်းပေးအပ်ရာတွင် ထိုင်း – မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး တံတား အမှတ်(၂)၌ မြန်မာ နိုင်ငံဘက်မှ စစ်ဗျူဟာ(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှုး ဗိုလ်မှုးကြီး သူရဇော်လွင်စိုး၊ ခရိုင် ရဲတပ်ဖွဲ့မှုး ဒုတိယ ရဲမှုးကြီး ဇော်လင်းအောင် ၊ မြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှုး ဇော်ဝင်းနိုင် ၊ခရိုင် / မြို့ နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ရုံးမှ တာဝန်ရှိသူများ ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ၊ တာချီလိတ်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးဌာနမှ ခရိုင်မှုး ဦးသန့်စင်နှင့် အဖွဲ့များ ၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးကော်မတီနှင့် TBC အဖွဲ့ဝင်များတို့ မှ စနစ်တကျ ပြည်နှင်လွဲပြောင်းပေး အပ်ခဲ့ရာ ထိုင်းနိုင်ငံဘက်မှ မယ်ဆိုင်မြို့နယ် လူဝင် မှုကြီးကြပ်ရေးဌာန အရာရှိများ၊ ထိုင်းနိုင်ငံ TBCအတွင်း ရေးမှုး  ဦးဆောင်သော အဖွဲ့တို့မှ လက်ခံခဲ့ကြသည်။

#PAN