နိုဝင်ဘာ ၂၄
■ ကယားပြည်နယ်၊ ဒကစ(လွိုင်ကော်)သို့ အကြမ်းဖက်သောင်းကျန်းသူ KNPP/KNDF နှင့် PDF ပူးပေါင်းအင်အား (စိစစ်ဆဲ) အဖွဲ့က မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် ဒရုန်း ၁ စီးဖြင့် Drop Bomb ၁ လုံးဖြုတ်ချတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုစုံစမ်းဆဲဖြစ်သည်။
■ ကယားပြည်နယ်၊ ဖယ်ခုံမြို့နယ်အတွင်း ခမရ(၄၂၁)အနီး နယ်မြေရှင်းလင်းရေးစစ် ကြောင်းကို နေရာ ၂ နေရာမှ KNDFနှင့် PDF ၆၀ ဦးခန့်တို့ဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ ရန်သူဘက်ထိ ခိုက်မှု စုံစမ်းဆဲ၊ တပ်မတော်ဘက်မှ စစ်သည် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
■ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ထရွန်အိုင်စခန်းသို့ မွန်းလွဲ ၁၂ နာရီအချိန်ခန့်တွင် AA သောင်းကျန်းသူ ၂၀ ဦးခန့်က Drop Bomb ၄ လုံး၊ စနိုက်ပါ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက် AA ဘက်မှ ထိခိုက်မှု စုံစမ်းဆဲ၊ တပ်မတောဘက်မှ စစ်သည် ၁ ဦး ကျဆုံးခဲ့သည်။
■ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းက တောင်ပြိုဝဲရှိ အောင်ဇူနယ်မြေရဲကင်းစခန်းသို့ မွန်းလွဲ ၁ နာရီအချိန်ခန့်က နေရာ ၂ နေရာမှ AA သောင်းကျန်း သူ ၄၀ ဦးခန့်ကလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ AA သောင်းကျန်းသူဘက်မှ ထိ ခိုက်မှု စုံစမ်းဆဲ၊ တပ်မ တော်ဘက်မှ ထိခိုက်မှုမရှိကြောင်း သိရသည်။
■ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ဘုရားကုန်း၊ အထက(ပေါက်တော) နှင့် ရဲစခန်းတို့အား မွန်းလွဲ ၁၂ နာရီအချိန်ခန့်က AA သောင်းကျန်းသူ ၁၀၀ ဦးခန့်က အင်အား ၃ ဖွဲ့ ခွဲ၍ လာရောက်ပစ် ခတ်တိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ AA သောင်းကျန်းသူအဖွဲ့မှ ဒုရင်းမှူးအဆင့်ရှိသူ ၁ ဦးအပါအဝင် ၂၃ ဦး သေဆုံးကာ အလောင်းများ ပြန်လည်ဆွဲယူ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး တပ်မတော်ဘက်မှ စစ်သည် ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
■ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ သံဖိုကျေးရွာ ပြည်သူ့စစ်စခန်းသို့ နံနက် ၄ နာရီခန့်တွင် နေရာ ၂ နေရာမှ PDF ၁၀၀ ဦးခန့်က လာရောက်ပစ် ခတ်သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်း ဖက် PDF ဘက်မှ ထိခိုက်မှု စုံစမ်းဆဲ၊ တပ်မတော်ဘက်မှ ထိခိုက်မှုမရှိကြောင်း သိရသည်။
■ စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ လွင်ကြီးကျေးရွာ ပြည်သူ့စစ်စခန်းသို့ နေရာ ၃ နေရာမှ PDF ၂၅၀ ဦးခန့်က ၁ ကြိမ်၊ နေရာ ၂ နေရာမှ ၁၅၀ ဦးခန့်က ၁ ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်း ဖက် PDF ဘက်မှ ထိခိုက်မှု စုံစမ်းဆဲ၊ တပ်မတော်ဘက်မှ ထိခိုက်မှုမရှိကြောင်း သိရသည်။
■ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊သစ် ရာကုန်းရွာ အရှေ့ဘက်၌ တပ်မတော်စစ် ကြောင်းနှင့် အကြမ်းဖက်သောင်းကျန်းသူ TNLA+PDF ပူးပေါင်းအင်အား ၁၀ ဦးခန့်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်း ဖက် သောင်းကျန်းသူများ၏ အီနာဂါဗုံးသီး ၃ လုံး၊ KA-25 ကျည်အိမ် ၃ ခု၊ ကျည် ၂၃ တောင့်၊ လမ်းလျှောက်စကားပြောစက် ၁ လုံး၊ ဖုန်း ၁ လုံး တို့ သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်ဘက်မှ ထိခိုက်မှုမရှိကြောင်း သိရသည်။
■ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ပုတီးဖြူရွာအနီး နံနက် ၉ နာရီခန့်တွင် တပ်မတော်စစ်ကြောင်းနှင့် အကြမ်းဖက် PDF ၅၀ ဦးခန့်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည် တပ်မတော်ဘက်မှ ထိခိုက်မှုမရှိဘဲ အကြမ်းဖက် PDF ဘက်မှ ထိခိုက်မှု စုံစမ်းဆဲဖြစ် သည်။
■ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့ နယ် ကြာညှပ်လမ်းဆုံသို့ ည ၇ နာရီခန့်တွင် PDF အကြမ်း ဖက်များ ထိန်းချုပ်မောင်းနှင်သည့် ဒရုန်း ၁ စီးသည် အမြင့်မီတာ ၆၀၀ ခန့်မှ ပျံသန်းရောက်ရှိလာပြီး Drop Bomb ၂ လုံးဖြုတ်ချတိုက်ခိုက်ခဲ့သဖြင့် ဖြတ်သန်းသွားလာနေသော အရပ်သား ကျား ၁ ဦး သေဆုံးပြီး ၂ ဦး စိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
#PAN