ငါန်းဇွန်မြို့နယ်၊သံကုန်းကျေးရွာ၌ သာမန်ပြည်သူ ၇ ဦးကို အကြမ်းဖက်သမား PDF များက သတ်ဖြတ်ပြီး ငွေသားနှင့် ရွှေများ ယူဆောင်သွား

နိုဝင်ဘာ ၂၃

      မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊သံကုန်းကျေးရွာ၌ သာမန်ပြည်သူ အမျိုးသား ၆ ဦးနှင့် အမျိုး သမီး ၁ ဦးတို့ကို အကြမ်းဖက်သမား PDF များက ယမန်နေ့ ညပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ပြီး ငွေသားနှင့်ရွှေ(စိစစ်ဆဲ) တို့အား ယူဆောင်သွားခဲ့ကြောင်း သိရပါသည်။

      ဖြစ်စဉ်မှာ ဗျိုင်းကြီး၊၂၉နှစ်၊(ဘ)ဦးဝင်းဦး၊ကျပန်းလုပ်ကိုင်သူ၊ ကိုပိုင်၊၃၈နှစ်၊(ဘ)ဦးပေါစံ၊ကျပန်းလုပ် ကိုင်သူ၊ ဝေအောင်၊ ၂၃နှစ်၊(ဘ)ဦးစိုးကြည်၊ကျပန်းလုပ်ကိုင်သူ၊ နန်းဝင်း၊ ၃၇နှစ်၊ (ဘ) ဦးစိုးကြည်၊တောင် သူလုပ်ကိုင်သူနှင့် ဖိုးချစ်၊ ၁၈ နှစ်၊(ဘ)ဦးစိုးဝင်း၊ကျ ပန်းလုပ်ကိုင်သူတို့သည် သံကုန်းကျေးရွာရှိ ဦးချစ်ဟန်၊၇၀နှစ်၊(ဘ)ဦးညီလေး၊တောင်သူနှင့် ဒေါ်ဝင်း၊၆၉နှစ်၊(ဘ)ဦးစိန်၊တောင်သူ တို့၏ ကုန်စုံဆိုင်တွင် ယမန်နေ့ ည ၉ နာရီခွဲအချိန်ခန့်တွင် ဝိုင်းဖွဲ့၍ အရက်သောက်နေကြစဥ် အကြမ်းဖက်သမား PDF ၈ ဦးသည် ဆိုင်ကယ် ၄ စီးဖြင့် သံကုန်းကျေးရွာအတွင်းသို့ဝင်ရောက်လာပြီး ကုန်စုံဆိုင်တွင် ဝိုင်းဖွဲ့နေကြသော သာ မန်ပြည်သူ ၅ ဦးကို သေနတ်များဖြင့် ပစ်ခတ်သတ် ဖြတ်ခဲ့ပြီး ဦးချစ်ဟန် ၊ ဒေါ်ဝင်းတို့၏ နေအိမ်သို့ ထပ်မံဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ နေ အိမ်အတွင်းမှ ငွေသားနှင့်ရွှေ(စိစစ်ဆဲ)အား ယူဆောင်သွားခဲ့ခြင်း ဖြစ်သည်။

      ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးချစ်ဟန် တွင် ဝဲ-ဂျိုစောင်းကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ယာ-ပါး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဒေါ်ဝင်း တွင် ဦးခေါင်းငယ်ထိပ် ကျည်ဖောက်ဝင်ပြီး ဦးခေါင်းနောက်စေ့ ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ဗျိုင်းကြီး တွင် ဝဲ-ပါး ကျည်ဖောက်ဝင်ပြီး ယာ-နားနောက်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ဝဲ-လက်မောင်းမှ ဖောက်ဝင်ပြီး ဝဲ-ပုခုံး ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ယာ-ရင်ဘတ် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ဝမ်းဗိုက် ဖောက်ဝင်/ထွက်ဒဏ်ရာ ၂ ချက်၊ဝဲ-ရင်အုံဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာ-လက်မောင်းမှဖောက်ဝင်/ထွက်ဒဏ်ရာ ၁ ချက်၊ဝဲ-တင်ပါးဖောက်ဝင်ပြီး ဝဲ-ပေါင် ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ကိုပိုင် တွင် ယာ-လက်ဖျံဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲ-လက်ဖျံ ဖောက်ဝင်/ထွက်ဒဏ်ရာ ၁ ချက်၊လည်ဂုတ် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ယာ-နောက်ကျော ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝေအောင် တွင် ဝဲ-ပါးဖောက်ဝင် ယာ-ဂျိုစောင်း ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ဝဲ-နားထင်ဖောက်ဝင် ယာ-နားနောက် ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ယာ-လက်ဖျံ ဖောက်ဝင်/ထွက် ဒဏ်ရာ ၁ ချက်၊ ဝဲ-ခြေသလုံး ဖောက်ဝင်/ထွက်ဒဏ်ရာ ၁ ချက်၊ ယာ-ဒူး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ယာ-ခြေကျင်းဝတ် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဖိုးချစ် တွင် နဖူး ကျည်ဖောက်ဝင် ယာ-နားနောက် ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ယာ-မေးစေ့ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာ-ရင်ဘတ် ကျည်ဖောက်ဝင် ယာ-နောက်ကျော ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊လည်ဂုတ် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာ-ပေါင် ကျည်ဖောက်ဝင်/ထွက် ဒဏ်ရာ ၁ ချက်၊ဆီးခုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ နန်းဝင်း တွင် နှာခေါင်းမှကျည် ဖောက်ဝင်ပြီး ဝဲ-ပါး ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊နဖူး ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်တို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြပြီး ဖြစ်စဉ်နေရာအနီးမှ M-22 ကျည်ခွံ ၅ခု တို့အား သိမ်းဆည်း ရမိရှိခဲ့သည်။

     သေဆုံးသူများမှာ ဆွေမျိုးနီးစပ် တော်စပ်သူ များဖြစ်ပြီး ကျေးရွာအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ/ရဲတပ်ဖွဲ့ဝင်များ လာရောက်ပါက လက်ခံတွေ့ဆုံခြင်း၊ ဧည့်ခံကျွေးမွေးခြင်းနှင့် သတင်းပေးပို့ဆောင်ရွက်ခြင်းတို့ ပြုလုပ်ခြင်းကြောင့် ယခုလိုအကြမ်းဖက်သမားများက သတ်ဖြတ်ခြင်းဖြစ် သည်ဟု ဒေသခံရွာသားများထံမှ သိရပါသည်။