ကြံတစ်တန်ကို ငွေကျပ် ၁၅၀,၀၀၀ အထိပေးပြီးဝယ်ယူ

နိုဝင်ဘာ ၂၂

       ပြည်တွင်းရှိ သကြားစက်ရုံများသည် ကြံကြိတ်ရာသီအတွက် စတင်ပြင်ဆင်သည့်အနေနှင့် စက်ရုံအရောက် ကြံတစ်တန်ကို ငွေကျပ် ၁၅၀,၀၀၀ အထိ တိုးမြှင့်ဝယ်ယူလာသည်ဟု မြန်မာနိုင်ငံသကြားနှင့် ကြံထွက်လုပ်ငန်းရှင်များ အသင်းမှ သိရပါသည်။

       ယခုလက်ရှိ ပြည်တွင်း၌ စုစုပေါင်းကြံစိုက်ဧက ၄၅၀,၀၀၀ ဝန်းကျင်ရှိပြီး တစ်နိုင်ငံလုံးမှာ သကြားစက်ရုံပေါင်း ၂၄ ရုံ ရှိသည်ဟု ဆိုပါ သည်။ နှစ်စဉ်ပြည်တွင်းတွင် သကြားစက်ရုံများ ကြံကြိတ်သည့်ကာလမှာ နိုဝင်ဘာလ နောက်ဆုံးအပတ်မှ ဧပြီလအထိဖြစ်သည်ဟု သိရပါသည်။

       စက်ရုံများက ထွက်ရှိလာသည့် သကြားများကို ပြည်တွင်း စားသုံးမှုဖူလုံစေရန် အဓိကထားဖြန့်ဖြူးပေးခြင်းဖြစ်ပြီး ပိုလျှံနေသည့်သကြားများကို ဗီယက်နမ်နိုင်ငံကို ဦးစားပေးတင်ပို့နေခြင်း ဖြစ်သည်ဟု သိရပါသည်။ မြန်မာနိုင်ငံတွင် ကြံကို စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၌ အများဆုံးစိုက်ပျိုးပြီး ပဲခူး တိုင်းဒေသကြီးမှာ ဒုတိယအများဆုံးစိုက်ပျိုးသည့်အပြင် ရန်ကုန် တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှာ အနည်းငယ် စိုက်ပျိုးမှုရှိသည်ဟု သိရပါ သည်။

#PAN