ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်း၊လမ်းဟောင်း၊မိုင်တိုင်အမှတ် ၂၉၆/၁ အနီးတွင်  ပလပ်စတစ်ဘူးခွံကောက်သည့် အရပ်သားပြည်သူ တစ်ဦးကို အကြမ်းဖက် ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေး

နိုဝင်ဘာ ၂၁

      မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ဒ ဟတ်ကုန်း၊ငွေပုလဲကျေးရွာ၊ရန်ကုန်-မန္တလေးကားလမ်း၊လမ်းဟောင်း၊မိုင်တိုင်အမှတ် ၂၉၆/၁ အနီးတွင် ယနေ့ နံနက်ပိုင်းက  ပလပ်စတစ်ဘူးခွံကောက်သည့် အရပ်သားပြည်သူ တစ်ဦးကို စိစစ်ဆဲအကြမ်းဖက် PDF ၂ ဦးက သေနတ်ဖြင့် ပစ် ခတ်ပြီး ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့သည်။

        ဖြစ်စဥ်မှာ အဆိုပါနေရာ၏ ကားလမ်းယာဘက်ခြမ်း၌ ကိုညီညီ၊၃၃နှစ်၊(ဘ)ဦးချိုတင်၊အစ္စလာမ်၊ယင်းတော်မင်းရွာ၊ပျော်ဘွယ်မြို့နယ်နေသူသည် ပလပ်စတစ်ဘူးခွံကောက်နေစဥ် ယနေ့ နံနက် ၇ နာရီ ၅၅ မိနစ်အချိန်ခန့်တွင် မိတ္ထီလာဘက်မှ ပျော်ဘွယ်ဘက်သို့ ရန်ကုန် – မန္တလေးလမ်းဟောင်းအတိုင်း မြောက်မှတောင်သို့ အမည်မသိ အကြမ်းဖက်သမား PDF ၂ ဦး မောင်းနှင်လာသည့် ဆိုင်ကယ်ပေါ်မှ လက်နက်ငယ်ဖြင့် ၂ ချက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

      ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့်  ကိုညီညီတွင် ဝဲ-တင်ပါး ဖောင်ဝင်ဒဏ်ရာ ၁ ချက်(ဝဲ-ပေါင်ကြား ဖောက်ထွက်)(မစိုးရိမ်ရ)ရရှိခဲ့ပြီး ၎င်းကို မိတ္ထီလာ စစ်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသခံယူလျက်ရှိကြောင်း၊ အခင်းဖြစ်နေရာအနီးမှ 9-MM ကျည်ခွံ ၂ခု တွေ့ရှိခဲ့ကြောင်း သိရပါသည်။

       ဖြစ်စဥ်နှင့်ပတ်သက်၍ စီစစ်ခဲ့ရာ အကြမ်းဖက် သမား ၂ ဦးသည် ပျော်ဘွယ်မြို့နှင့်ယင်းတော်ကျေးရွာကြား၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ရွာသာ၊သူရဲချောင်းတံတားအား ဖောက်ခွဲရန် မိုင်းထောင်နေစဥ် ပလပ်စတစ်ဘူးခွံကောက်သူ ကိုညီညီ ကတွေ့ရှိ၍ ထွက်ပြေးရာ အကြမ်းဖက်သမားများက နောက်မှလိုက်၍ ယခုကဲ့သို့ လိုက်လံပစ်ခတ် သတ်ဖြတ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

#PAN