AA လက်ထဲက ပြန်လည်သိမ်းယူထားသည့် ပေါက်တောမြို့ မှာ ထပ်မံ တိုက်ပွဲဖြစ်

နိုဝင်ဘာ ၂၁

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် မြန်မာ့တပ်မတော်နှင့် AA အဖွဲ့တို့အကြား ယနေ့ မွန်းလွဲ ၁ နာရီခန့်ကစတင်ပြီး ထပ်မံတိုက်ပွဲတွေ ဖြစ်ပွားနေကြောင်း သိရသည်။

AA အဖွဲ့မှာ ပေါက်တောမြို့ပေါ်တွင် တပ်စွဲနေသော မြန်မာ့တပ်မတော်ကို ပစ်ခတ်နေသကဲ့သို့ မြန်မာ့တပ်မတော်ဘက်မှလည်း ပေါက်တောမြို့၏အပြင်ဘက် တောင်ရင်းတွင်ရှိသော AA အဖွဲ့ကို စစ်ရဟတ်ယာဉ်တွေ၊ နေဗီစစ်ရေယာဉ်တွေဖြင့် လှမ်းပစ်နေခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်တောမြို့မရဲစခန်းကို AA က တိုက်ခိုက်ပြီး မြို့ကိုသိမ်းယူထားခဲ့ရာကနေ မြန်မာ့တပ်မတော်က ပြန်လည်တိုက်ခိုက်ပြီး ပေါက်တောမြို့မှာ တပ်စွဲလိုက်ပြီးနောက် နှစ်ဖက်အဖွဲ့အကြား စစ်ရေးတင်းမာနေချိန် ၅ ရက်မြောက်နေ့ဖြစ်သည့် ယနေ့ နိုဝင်ဘာ ၂၁ ရက်နေ့တွင် မြန်မာ့တပ်မတော်နဲ့ AA တို့အကြား မြို့ကိုရရှိရေး ထပ်မံတိုက်ပွဲ ဖြစ်ပွားနေကြခြင်းဖြစ်ကြောင်းလည်း သိရသည်။

PAN