ပြည်တွင်းသို့ လက်ရှိဘဏ္ဍာနှစ် ၇ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၅၆၀ ကျော် ဝင်ရောက်

နိုဝင်ဘာ ၁၉

     ၂၀၂၃-၂၀၂၄   ဘဏ္ဍာနှစ်၊ ဧပြီလ ၁ ရက်မှ အောက် တိုဘာလကုန်ထိ ၇ လအတွင်း မြန်မာ နိုင်ငံသို့ နိုင်ငံ ခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု FDI ပမာဏ အမေရိကန်ဒေါ်လာ ၅၆၇ ဒသမ ၃၈ သန်း ဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန DICA က ထုတ်ပြန်ထားပါသည်။

      အဆိုပါ ရင်းနှီးမြှုပ်နှံမှုပမာဏထဲတွင်  နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံလျက်ရှိပြီးဖြစ်သည့်  လုပ် ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်ခြင်းများလည်း ပါဝင်သည်ဟု ထုတ်ပြန်ချက်ထဲ၌ ဖော်ပြထားပါသည်။

      နိုင်ငံအတွင်းဝင်ရောက်လာသည့် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုအများစုမှာ  လျှပ်စစ်ကဏ္ဍဖြစ်ပြီး ၎င်းနောက် တွင် ကုန်ထုတ်လုပ်မှုကဏ္ဍက ဒုတိယအများဆုံး ရင်း နှီးမြှုပ်နှံမှုထားသည်ဟု ဆိုပါသည်။

       မြန်မာပြည်တွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေထဲတွင် စင်ကာပူနိုင်ငံက အများဆုံးရင်းနှီးမြှုပ်နှံထားပြီး တရုတ်နှင့် ဟောင်ကောင် တို့က ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံထားသည်ဟု သိရပါသည်။

#PAN