Golden Boy 2023 ဆုကို ရီးရဲလ်မက်ဒရစ်အသင်း ကွင်းလယ်လူ ဘယ်လင်ဟမ် ဆွတ်ခူး

နိုဝင်ဘာ ၁၉

     အီတလီနိုင်ငံအခြေစိုက် ထိပ်တန်းအားကစားသတင်းစာတစ်ခုဖြစ်သည့် Tuttosport ကပေးအပ်ချီးမြှင့်တဲ့ Golden Boy 2023 ဆုကို ရီးရဲလ်မက်ဒရစ်အသင်း ကွင်းလယ်ကစားသမား ဘယ်လင်ဟမ် က ဆွတ်ခူးရရှိခဲ့ပါတယ်။

     Golden Boy 2023 ဆုဟာ ဥရောပရှိ အသက် ၂၁ နှစ်အောက် အကောင်းဆုံးကစား သမားတွေထဲက ရွေးချယ်ချီးမြှင့်တဲ့ဆုဖြစ်ပြီး ၂၀၀၃ ခုနှစ်က စတင်ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ အေဂျက်စ်အသင်းက ဗန်ဒါဗက် က ရရှိခဲ့ပြီး ရွန်းနီ၊ မက်ဆီ၊ အဂူရို၊ ဖာဘရီဂက်စ်၊ ပေါ့ဂ်ဘာ၊ စတာလင်း၊ အမ်ဘတ်ပီ၊ ဒီလိုက်၊ ဟာလန်း၊ ပက်ဒရီ နဲ့ ဂါဗီ တို့က ရရှိခဲ့တာ ဖြစ်ပါတယ်။

     ဘယ်လင်ဟမ် အနေနဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီက ဒေါ့မွန်အသင်းမှာကစားစဉ် ခြေစွမ်းပြသနိုင်ခဲ့သလို ယခုဘောလုံးရာသီမှာလည်း ရီးရဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ရာမှာလည်း အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့တာကြောင့် မူစီလာ နဲ့ ဆာကာ တို့ကို ကျော်ဖြတ်ပြီး ဒီဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

     ဆုချီးမြှင့်တဲ့အခမ်းအနားကိုတော့ ဒီဇင်ဘာလ ၄ ရက်မှာ အီတလီနိုင်ငံ တူရင်မြို့၌ ကျင်းပပြု လုပ်သွားမှာ ဖြစ်ပါတယ်။

#PAN