ပြိုင်ဘက်အုပ်စုများကြား ကမ္ဘာ့စီးပွားရေးနှစ်ခြမ်းကွဲနိုင်ကြောင်း EBC ဥက္ကဋ္ဌသတိပေး

နိုဝင်ဘာ ၁၈

     လက်ရှိဖြစ်ပွားလျက်ရှိသော ပထဝီနိုင်ငံရေးအခြေ အနေ တင်းမာမှုများ မြင့်တက်လာခြင်းသည် ကမ္ဘာ့စီးပွားရေးကြီး တစ်ခုလုံးကျဆင်းမှုလုပ်ငန်းစဉ်ကို လျင်မြန်စေကြောင်းနှင့် ပြိုင်ဘက်အုပ်စုများကြားတွင် ကမ္ဘာ့စီးပွားရေးမှာ နှစ်ခြမ်းကွဲသွားနိုင်ကြောင်း ဥရောပဗဟိုဘဏ်(ECB) ဥက္ကဋ္ဌ ခရစ္စတင်းလာဂါဒီ က နိုဝင် ဘာလ ၁၇ ရက်တွင် သတိပေးလိုက်သည်။

      ယခုအခါ ဥရောပဒေသသည် အရေးကြီးသော လမ်းဆုံနေရာတွင် ရောက်ရှိနေကြောင်း၊ ကမ္ဘာ့စီးပွား ရေး ကျဆင်းမှု၊ လူဦးရေကျဆင်းမှု၊ ကာဗွန်ကင်းစင်ရေးလုပ်ဆောင်မှု အစရှိသည့် စိန် ခေါ်မှုများစွာနှင့် ရင်ဆိုင် နေရကြောင်း ခရစ္စတင်းလာဂါဒီ က ဆက်ပြောသည်။

      ထို့ပြင် အစိုးရများတင်ရှိနေသည့် ကြွေးမြီပမာဏသည် ဒုတိယကမ္ဘာစစ်ပြီးနောက် အမြင့်ဆုံး အနေ အထားကို ရောက်ရှိနေကြောင်း၊ ဥရောပ၏ ပြန်လည် ထူထောင်ရေးရန်ပုံငွေမှာလည်း ၂၀၂၆ ခုနှစ်တွင် ကုန် ဆုံးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

      ထိုသို့သော အခြေအနေတွင် ဘဏ်များက အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ရမည်ဖြစ်သော်လည်း များစွာအရဲစွန့်မှုကို မြင်တွေ့ရနိုင်ခြေမရှိကြောင်း ခရစ္စတင်းလာဂါဒီ ကပြောသည်။

     စီးပွားရေးပြိုကွဲသွားသည့် ကမ္ဘာကြီးတွင် ငွေကြေး ဖောင်းပွမှုက ပိုမိုမြင့်မားလာကာ ဘဏ္ဍာရေး အခြေ အနေများကလည်း တည်ငြိမ်မှုမရှိနိုင်တော့ကြောင်း ECB က ထုတ်ပြန်ထားကြောင်း RT သတင်းဌာနက ဖော်ပြထားသည်။

#PAN