အမေရိကန်က အစ္စရေးအတွက် ခဲယမ်းများကို တိတ်တဆိတ် စုပုံပေးနေ

နိုဝင်ဘာ ၁၆

      အစ္စရေးနိုင်ငံက ဂါဇာတွင် တိုက်ခိုက်မှုများ ဆက် လက်ပြုလုပ်နေစဉ် အမေရိကန်က အစ္စရေးအတွက် ခဲယမ်းများကို တိတ်တဆိတ် စုပုံပေးနေကြောင်း သိရသည်။ ဂါဇာ၌ အရပ်သားများ သေ ဆုံးမှုမြင့်တက်လာခြင်းနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း အမေရိကန်က ထုတ်ပြန်ထားသော် လည်း တစ်ဖက်တွင်မူ အစ္စရေးအတွက် ခဲယမ်းများကို ထောက်ပံ့ပေးနေခြင်းဖြစ် ကြောင်း Bloomberg သတင်းဌာနတွင် ဖော်ပြထားခြင်း ဖြစ်သည်။

     အစ္စရေးက အမေရိကန်မှ တောင်းခံသော လက်နက်ခဲယမ်းများတွင် ၁၅၅ မီလီမီတာ အမြောက်ဆန်များ၊ M4A1 လက်နက်များ၊ ညကြည့် ကိရိယာများ၊ ဘန်ကာဖျက် လက်နက်များ ၊ ၁၂၀ မီလီမီတာ စိန်ပြောင်းများ၊ စစ်သုံးယာဉ်များ အစရှိသည်တို့ ပါဝင်သည်။ အဆိုပါ စစ် လက်နက်ပစ္စည်းများ နှင့် ခဲယမ်းများအနက် အချို့ကို အမေရိကန်က ပေးပို့ထားပြီး ဖြစ် ကြောင်း၊ ကျန်ရှိနေသော တစ်ချို့တစ်ဝက်ကို အမေရိကန်နှင့် ဥရောပရှိ လက်နက် တိုက်များမှ ထုတ်ယူပံ့ပိုးပေးရန် စီစဉ်လျက်ရှိကြောင်း အဆို ပါသတင်းဌာနက ဆက်လက်ဖော်ပြထားသည်ဟု Sputnik သတင်းဌာနတွင် ရေးသားထားသည်။

#PAN