ရုရှားနှင့် မြောက်ကိုရီးယားတို့အကြား ဆွေးနွေးပွဲကျင်းပမည်

နိုဝင်ဘာ ၁၆

      ရုရှားနှင့် မြောက်ကိုရီးယားတို့သည် နှစ်နိုင်ငံ စီးပွား ရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။ ယခုနှစ် စက်တင်ဘာလတွင် ရုရှားနှင့် မြောက်ကိုရီးယားခေါင်းဆောင်များအကြား လေးနှစ်အတွင်း ပထမဆုံး ထိပ်သီးဆွေးနွေးပွဲကို ကျင်းပခဲ့သည်။

       ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲအတွက် ရုရှားအစိုးရ ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၄ ရက်က ပြုံယမ်းသို့ ရောက်ရှိခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရပိုင် မီဒီယာက ပြောကြားခဲ့သည်။ ကိုယ် စားလှယ်အဖွဲ့ကို   ဦး ဆောင်သည့် ရုရှားသဘာဝအရင်းအမြစ်ဝန်ကြီး Alexander Kozlov က မိမိတို့နှစ်နိုင်ငံသည် “အာဏာရှင်ဝါဒီ အင်အားစုများကို တိုက်နေကြသည်”ဟု ပြောကြားခဲ့ပြီး အဆိုပါမှတ်ချက်သည် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များကို ထင်ရှား စွာရည်ညွှန်းခြင်း ဖြစ်သည်။

       ယခုကျင်းပမည့်ဆွေးနွေးပွဲအတွင်း ရုရှားမှ မြောက်ကိုရီးယားသို့ စားနပ်ရိက္ခာအကူအညီပေးပို့ရေးနှင့် မြောက်ကိုရီးယားလုပ်သားများကို ရုရှားနိုင်ငံသို့ ပို့ဆောင်ရေး ဆွေးနွေးဖွယ်ရှိကြောင်း ကိုးကား၍ ပေါင်းစည်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူကို တောင်ကိုရီးယား ယွန်ဟက်သတင်းအေဂျင်စီက မှတ်ချက်ပြု ပြောကြားသည်။
Source; NHK

#PAN