မတ္တရာမြို့နယ်၊ညောင်ကုန်း(တောင်)ကျေးရွာနေ ရာအိမ်မှုးအား အကြမ်းဖက် PDF ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်


နိုဝင်ဘာ ၁၅

     ယမန်နေ့ ညနေ ၅ နာရီ အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး ၊မတ္တရာမြို့နယ်၊ညောင်ကုန်းကျေးရွာအုပ်စု၊ညောင်ကုန်း(တောင်)ကျေးရွာနေ ရာအိမ်မှုး ဉီးမျိုးအောင်၊၄၃နှစ်၊(ဘ)ဉီးနက်တူး(ပြည်ခိုင်ဖြိုး ပါတီဝင်)သည် မတ္တရာမြို့နယ်၊ဆူးခါး၊ဆင်ရွာဘက်သို့ အလုပ်ကိစ္စဖြင့် သွားရောက်ခဲ့ကြောင်းသိရသည်။
      ထို့နောက် ဆူးခါး-ဆင်ရွာ ဖြတ်ကူးသည့် တံတားအနီးအရောက်တွင် အကြမ်းဖက် PDF ၂ဉီး၊ဆိုင်ကယ်ဖြင့် ကပ်လျက်လိုက်ပါလာကာ ဉီးမျိုးအောင်အား သေနတ်(အတို)ဖြင့် ပစ်ခတ်ခဲ့ရာ ဉီးမျိုးအောင်တွင် ဉီးခေါင်း ထိမှန်ဒဏ်ရာ ၁ချက်ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။သက်ဆိုင်ရာလုံခြုံရေးအဖွဲ့မှ ဖြစ်စဉ်နှင့်ပါတ်သက်၍ဆက်လက်ဆောင်ရွက်နေကြောင်း သတင်းရရှိပါသည်။
#PAN

Telegram link
https://t.me/positiveanglenews