ချန်ပီယံလိဂ်ဝင်ခွင့်မရရင် စပွန်ဆာကြေး ပေါင် ၁၀ သန်းနစ်နာမယ့် မန်ယူအသင်း

နိုဝင်ဘာ ၁၄

     မန်ယူအသင်းနဲ့ Adidas ကြား စပွန်ဆာစာချုပ်အသစ်က ၂၀၂၅ ခုနှစ်မှာ စတင်မှာ ဖြစ်ပြီး အရင်စပွန်ဆာ စာချူပ်အဟောင်းတုန်းက Adidas ဆီကနေ ဆယ်ရာသီစာ ပေါင်သန်း ၇၅၀ နီးပါးရရှိပြီး စပွန်ဆာစာချုပ်သစ်အရ ပေါင်သန်း ၉၀၀ ရရှိမှာ ဖြစ်ပါတယ်။

       စပွန်ဆာကြေးတိုးလာသလို၊ စာချုပ်ပါအချက် အလက်တွေအရ စွမ်းဆောင်ရည်မကောင်းပါက စပွန်ဆာကြေး လျှော့ခံရပါမှာ ဖြစ်ပါတယ်။ စာချုပ်သစ်အရ မန်ယူအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်မရရင် တစ်ရာသီပေါင် ၁၀ သန်း ပြန်နုတ်သွားမယ်လို့ သိရပါတယ်။ နှစ်ရာသီဆက် ချန်ပီယံလိဂ်ဝင်ခွင့်မရပါက စပွန်ဆာကြေး ပေါင် ၂၅ သန်းအထိ နုတ်ခံရမှာ ဖြစ်ပါတယ်။

       စာချုပ်အဟောင်းကာလအတွင်းမှာ မန်ယူအသင်းက ချန်ပီယံလိဂ်ဝင်ခွင့် သုံးကြိမ် လွဲချော် ထားပါတယ်။ တကယ်လို့ စပွန်ဆာစာချုပ်အသစ်သက်တမ်းအတွင်းချန်ပီယံလိဂ်မှာ ဗိုလ်စွဲပါက ပေါင် ၄ ဒသမ ၄ သန်း ဆုကြေးပေးမယ်လို့ Adidas က သဘောတူထားတာ ဖြစ်ပါတယ်။

#PAN