ဂျော့ရှူဝါဗန်ရဲ့ ဒုတိယမြောက် UFC အနိုင်ပွဲ

နိုဝင်ဘာ ၁၂

မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား ဂျော့ရှူဝါဗန်ဟာ ဒီကနေ့ နိုဝင်ဘာ (၁၂) ရက် နံနက်အစောပိုင်းက ကျင်းပခဲ့တဲ့ UFC 295 ပြိုင်ပွဲကြီးမှာ ပြိုင်ဘက် ပီရူးနိုင်ငံသားကယ်ဗင် ဘော့ဂျာကို အမှတ်နဲ့ အနိုင်ရရှိသွားပါတယ်။

ဒီပွဲဟာ UFC မှာ ကစားတဲ့ သူ့ရဲ့ ဒုတိယမြောက်ပွဲဖြစ်သလို ဒုတိယမြောက် အနိုင်ပွဲလည်း ဖြစ်ပါတယ် ။

ပထမအချီမှာ ပြိုင်ဘက် ကယ်ဗင် ဘော့ဂျာရဲ့ ဖိအားပေးခြင်းကို ခံခဲ့ရပေမယ့် ဒုတိယအချီကစပြီး ပြိုင်ဘက်ကို အသာစီးနဲ့ တိုက်စစ်ဆင်နိုင်ခဲ့လို ပွဲအပြီးမှာတော့ အမှတ်နဲ့ အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဂျော့ရှူဝါဗန်ဟာ UFC မှာ (၂) ပွဲထိုး (၂) ပွဲနိုင် ရရှိထားတဲ့ မြန်မာပြည်ဘွား ချင်းတိုင်းသား တစ်ဦးအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်လိုက်ရပါတယ်။