တရားမဝင် စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ယာဉ် အပိုပစ္စည်းများနှင့် မော်တော်ယာဉ်များ သိမ်း ဆည်းရမိ

နိုဝင်ဘာ ၁၃

     တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦး ဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၉ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်-မန္တလေးလမ်းဟောင်း မြစ်ငယ်တံတားအနီး၌ ရန်ကုန်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော ယာဉ်သုံးစီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင်
ကြေညာထားခြင်း မရှိသည့် Golden Mountain ခရုဆီ ၃၉၀၀ ကီလိုဂရမ်၊ Snow Towel ကီလိုဂရမ် ၂၀၀၀၊ Air Compressor (မော်တာမပါ) အလုံး ၁၀၀၊ Lipo အားဖြည့်အချိုရည်ပုလင်း ၄၀၀၀၀ အပါအဝင် ကုန် ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၈၀၀,၀၀၀) အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck တစ်စီး၊ Mitsubishi Fuso Truck 8: Cheng Long Tractor Head တစ်စီးနှင့် နောက် တွဲယာဉ်တစ်တွဲ(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၄,၀၀၀,၀၀၀) ကိုလည်းကောင်း၊ ပြင်ဦးလွင် – မန္တလေးကားလမ်း မိုင်တိုင်အမှတ် ၂၈ မိုင် ၃ ဖာလုံ၌ ပိုင်ရှင်မဲ့စုပုံထားသော အကောက်ခွန်မဲ့ပစ္စည်းများဖြစ်သည့် Justus ဘီယာဘူး ၇၂၀၀ အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇,၂၀၀,၀၀၀)ကို လည်း ကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၂,၀၀၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

        ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန် ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၉ ရက်တွင် ဘုရားကြီးမြို့ ရွှေသံလွင်တိုးဂိတ်အနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှသွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသော ယာဉ်အပိုပစ္စည်းများဖြစ်သည့် တံခါး ၂၈ ခု၊ Handbrake Control ကား Valve ၃၁ ခု၊ SEEPAC အမဲဆီ ၇၂ ဘူး အပါအဝင် ကုန် ပစ္စည်း ၃၀မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၂,၀၄၅,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Tractor Head နောက်တွဲယာဉ် တစ်စီးနှင့် တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ်
၆၀,၀၀၀,၀၀၀)ကို လည်းကောင်း၊ နိုဝင်ဘာ ၁၀ ရက်တွင် ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိ သည့် Wai Wai ဆန်ကြာဆံအထုပ် ၅၄၀၀ အပါ အဝင်ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၅၂၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင် ဆောင် လာသည့် Sunlong Bus တစ်စီး (ခန့်မှန်းတန်ဖိုး
ငွေကျပ် ၃၀,၀၀၀,၀၀၀) ကို လည်းကောင်း စုစု ပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၄,၅၆၅,၀၀၀ ကို သိမ်းဆည်း ရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ် နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

        ထို့အတူ နိုဝင်ဘာ ၁၀ ရက်တွင် အကောက် ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း
အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ ကျိုက်ထိုမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် ယာဉ် တစ်စီးပေါ်မှ တရား ဝင်စာရွက်စာတမ်းအထောက် အထားတင်ပြနိုင်ခြင်းမရှိသည့် M-150 အား ဖြည့်အချိုရည် ပုလင်း ၄၁၀၀ အပါအဝင် ကုန် ပစ္စည်းနှစ်မျိုးငွေကျပ်(ခန့်မှန်းတန်ဖိုး ၂,၇၇၆,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် YUTONG Express တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀) စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂,၇၇၆,၀၀၀) ကို သိမ်းဆည်းရမိအရေးယူခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင် ရွက်လျက်ရှိသည်။

      ထို့ပြင် နိုဝင်ဘာ ၁၀ ရက်တွင် ကရင်ပြည် နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘားအံမြို့ ကမော့ကစင် ကျေး ရွာအနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် ကျားဝတ်တီရှပ်အထည် ၁၀၀၀၊ Sports ရှူးဖိနပ်အရန် ၁၂၀၀ အပါအဝင် ကုန်ပစ္စည်း ၁၀ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ်
၁၃,၇၂၄,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင် ဆောင်လာသည့် Man Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀,၀၀၀,၀၀၀)၊ စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၉၃,၇၂၄,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

      သို့ဖြစ်ပါ၍ နိုဝင်ဘာ ၉ ရက်နှင့် ၁၀ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၈မှု ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၃,၀၆၅,၀၀၀ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

#PAN