အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ အား လိုက်ပါလုပ်ဆောအကြမ်းဖက်အုပ်စုအဖြစ် ကြေညာ ထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သော Facebook အကောင့် ပိုင်ရှင် ၄ ဦးအား အမှုဖွင့်လှစ် အရေးယူ

နိုဝင်ဘာ ၁၂

 ယမန်နေ့က အသိပေးထုတ်ပြန်ချက်အပေါ်  မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် “Hay Mar” Face book အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၁၀)ရပ်ကွက်နေ ဟေမာ(ခ) ချယ်ရီဝင်းအား မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင်လည်းကောင်း၊ “Phyo (Emily)” Facebook အကောင့် ပိုင်ရှင်ဖြစ်သူ သင်္ဃန်းကျွန်းမြို့နယ်၊ (၁၆/၄)ရပ်ကွက်နေ အိဖြိုးနိုင် အား မွန်းလွဲ ၂ နာရီ ၄၀ မိနစ်တွင်လည်းကောင်း၊ “Myo Maung Maung” Facebook အကောင့် ပိုင်ရှင်ဖြစ်သူ သုံးခွမြို့နယ်၊ အမှတ်(၂)ရပ်ကွက်နေ မျိုးသူ(ခ) သံလုံးအား ညနေ ၅ နာရီ ၂၀ မိနစ်တွင် လည်းကောင်း၊ “ရှူးလေး ရှူးလေး” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ နေပြည်တော်ကောင်စီ နယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ထန်းတောကြီးကျေးရွာနေ စိမ့်စိမ့်မိုးအား ညနေ ၃ နာရီခွဲတွင်လည်းကောင်း သက်ဆိုင်ရာ ရဲစခန်းအသီးသီး၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ် နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ် လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှု အပေါ် အားပေးကူညီခြင်းပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက် စွာ အရေးယူသွားမည်ဖြစ် ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွား မည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။

#PAN