BRICS အဖွဲ့အနေဖြင့် ဒေါ်လာလွှမ်းမိုးမှုကို အဆုံးသတ်နိုင်တော့မည်ဟု အိမ်ဖြူတော်အကြံပေးဟောင်းပြော

နိုဝင်ဘာ ၆

      BRICS အဖွဲ့အနေဖြင့် ကုန်သွယ်ရေးတွင် သက် ဆိုင်ရာနိုင်ငံအသီးသီး၏ ငွေကြေးများကို ပိုမိုတိုးမြှင့် အသုံးပြုလာနိုင်ပြီ ဖြစ်သောကြောင့် မကြာမီ အမေရိကန်ဒေါ်လာ၏ လွှမ်းမိုးမှုကို အဆုံးသတ်နိုင်တော့မည် ဖြစ်ကြောင်း အိမ်ဖြူတော်မှ စီးပွားရေးအကြံပေးကောင်စီအထူးအကြံပေးဟောင်း တစ်ဦးကပြော သည်။

      ထိုအဖွဲ့သည် ကုန်သွယ်ရေးတွင် အမေရိကန်ဒေါ်လာတစ်မျိုးတည်းကိုသာ အသုံးမပြုတော့ကြောင်း၊ ထို့ကြောင့် ကုန်သွယ်ရေး တွင် ဒေါ်လာလွှမ်းမိုးမှုကို ဖယ်ရှားနိုင်တော့မည်ဖြစ်ကြောင်း အကြံပေးဟောင်း ဂျိုးဆူလီဗန်က ပြော သည်။

     လက်ရှိတွင် BRICS အဖွဲ့၌ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အမေရိကနိုင်ငံတို့ ပါဝင်နေပြီး အာဂျင်တီးနား၊ အီဂျစ်၊ အီသီယိုပီးယား၊ အီရန်၊ ဆော်ဒီအာရေဗျနှင့် ယူအေအီးတို့က ယခုလာမည့် ဇန်နဝါရီလ တွင် အဖွဲ့ဝင်နိုင်ငံများအဖြစ်ပါဝင်သွားမည်ဖြစ်သည်။ ဂျိုးဆူလီဗန်၏ ခန့်မှန်းချက်အရ BRICS အဖွဲ့သည် ၂၀၄၀ ပြည့်နှစ်အရောက်တွင် ကမ္ဘာ့ဂျီဒီပီ၏ ထက် ဝက်ခန့်ကို ပိုင်ဆိုင်လာနိုင်မည်ဟု သိရသည်။

     BRICS ကို မူလ တည်ထောင်သူများဖြစ်သည့် ဘရာဇီး၊ တရုတ်နှင့် ရုရှားတို့မှာ တန်ဖိုးကြီးသတ္ထုပစ္စည်းများနှင့် မြေရှားဒြပ်စင်များ ကို အဓိကတင်ပို့နေသည့်နိုင်ငံများဖြစ်သည်။ အီဂျစ်၊ အီသီယိုပီးယားနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့မှာမူကုန်သွယ် ရေးအတွက် အဓိကကျသည့် စူးအက်တူးမြောင်းပတ်လည်မှ နိုင်ငံများဖြစ်ကြောင်း  RT သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

#PAN