မြောင်းမြမြို့၊ ရွှေဉ-၂ တည်းခိုခန်းတွင် တည်းခိုသူ ၂ ဦးထံမှ မူးယစ်ဆေးဝါးဟုယူဆရသော WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား များနှင့် ဆက်စပ်ပစ္စည်းများအား လက်ဝယ်တွေ့ရှိ


နိုဝင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊  မြန်ရပ်ကွက်ရှိ ရွှေဉ -၂ တည်းခိုခန်းတွင် တည်းခိုသူ ၂ ဦးထံမှ မူးယစ်ဆေးဝါးဟုယူဆရသော WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဆက်စပ်ပစ္စည်းများအား လက်ဝယ်တွေ့ရှိခဲ့ ကြောင်းသိရှိရပါသည်။
ဖြစ်စဉ်တွင် တာဝန်ရှိသူ ပူးပေါင်းအဖွဲ့များက မြို့နယ်လုံခြုံရေးအတွက် တာဝန်ရှိသူများနှင့်ပူးပေါင်းအဖွဲ့မှ ဧည့်စာရင်း စစ်ဆေးခြင်းများ ဆောင်ရွက်စဉ် ရွှေဉ -၂ တည်းခိုခန်းတွင် တည်းခိုနေထိုင်သူ ရဲဝင့်စိုး၊ အသက် ၃၀ နှစ်၊(ဘ)ဦးဌေးလွင်၊နေသူနှင့် ပြည့်ဖြိုးအောင်၊အသက် ၂၄ နှစ်၊ (ဘ)ဦးလှဝင်း၊ ဘေးပေါက်ကျေးရွာ/အုပ်စု၊ လပွတ္တာမြို့နယ်နေသူ ၂ ဦးတိုအား မသင်ကာဖွယ်ရာ တွေ့ရှိရသဖြင့် ၄င်းတို၏ ခန္ဓာကိုယ်အားရှာဖွေရာ ရဲဝင့်စိုး ဝတ်ဆင်ထားသော LV တံဆိပ်ပါ နက်ပြာရောင် ဘောင်းဘီတို ယာဘက်အိတ်ကပ်အတွင်းမှ ပြုပြင်ထားသောအစိမ်းရောင် ဂက်စ်မီးခြစ် ၁ လုံးနှင့် အပြာရောင် ဂတ်စ်မီးခြစ် ၁ လုံးတိုအားတွေ့ရှိခဲ့ရပြီး၊  အခန်းတွင်းရှိ BEIBULAN စာတမ်းပါ မီးခိုရောင် ကျောပိုးလွယ်အိတ်အား ဆက်လက်ရှာဖွေရာ အဖြူရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထည့်လျှက် အစိမ်းရောင် ပလပ်စတစ်အိတ်ငယ်အတွင်း တည့်ထားသော မူးယစ်ဆေးဝါးဟု ယူဆရသည့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၄ ပြားပါတစ်ထုပ်၊ မူးယစ်ဆေး ဝါးဟုယူဆရသည့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ပြားနှင့် အသုံးမပြုရသေးသော ခဲပြား ၂ ခုပါတစ်ထုပ်၊ စုစုပေါင်းဆေးပြား ၃၇ ပြား အလေးချိန်(၃.၇)ဂရမ်၊ တစ်ပြားလျှင် ဒေသပေါက်ဈေး ၂၅၀၀ ကျပ် နှုန်းဖြင့် တန်ဖိုးငွေ ၉၂၅၀၀ ကျပ်၊ ရဲဝင့်စိုး အမည် ပါယာဉ်မောင်းလိုင်စင် ၁ ခု၊ ဦးရဲဝင့်စိုးအမည်ပါ KBZ ဘဏ်စာအုပ် ၁ အုပ်တိုအားတွေ့ရှိ၍

သက်သေများရှေ့ တွင် ရဲဝင့်စိုးနှင့် ပြည့်ဖြိုးအောင် တို့ထံမှ ရှာဖွေပုံစံသိမ်းဆည်းခဲ့ကြကြောင်း သတင်းရရှိပါသည်။
သိမ်းဆည်းရမိခဲ့သော သက်သေခံပစ္စည်းများနှင့်အတူ မူးယစ်ဆေးဝါးဟုယူဆရသော WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဆက်စပ်ပစ္စည်းများအား လက်ဝယ်တွေ့ရှိသူ ၂ ဦးတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူး လွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

#PAN

Telegram Link

https://t.me/positiveanglenews