ဆင်ဖြူရှင်တံတား လုံခြုံရေးဂိတ်ကို သာလွန်အင်အားအသုံးပြုပြီး လာရောက်တိုက်ခိုက်သော KIA,PDFအကြမ်းဖက်ပူးပေါင်းအဖွဲ့  မရှု့မလှဆုတ်ခွာထွက်ပြေးရ

နိုဝင်ဘာ ၆

    ဆင်ဖြူရှင်တံတား(ချောင်းဦး) သည် စစ်ကိုင်း တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးနှစ်ခုအကြား၊ ချောင်းဦးမြို့နယ်နှင့် ရေစကြိုမြို့နယ်အစပ်ရှိ ချင်းတွင်းမြစ်ကို ဖြတ်သန်းဆောက်လုပ်ထားသော တံတား၏ အနောက်ဖက် လုံခြုံရေးဂိတ်ကို အကြမ်း ဖက်သောင်းကျန်းသူ KIA / PDF အင်အား ၃၀၀ ခန့်က သာလွန်အင်အားအသုံးပြုကာ ယနေ့ နံနက် ၅ နာရီအချိန်ခန့်ကစ၍ Drone ဖြင့် Drop Bomb များပစ်ချပြီး ဝင်ရောက်တိုက်ခိုက်လာခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါ တိုက်ပွဲဖြစ်ရာ နေရာသို့ ရေစကြိုတပ်နယ်မှ စစ်ကူလာရောက်ရာ ၎င်း စစ်ကူစစ် ကြောင်းကို တံတားနှင့် ၂ မိုင်အကွာ ရေစကြိုမြို့နယ်၊ အောက်အိုရွာအနီးတွင် အကြမ်းဖက် အဖွဲ့မှကြားဖြတ် ဟန့်တားတိုက်ခိုက်လျက်ရှိသည်။

       သို့သော် အကြမ်းဖက် KIA /PDF များက သာလွန်အင်အားဖြင့် လာရောက်တိုက်ခိုက်ရာ တံတားလုံခြုံရေးအဖွဲ့က ဂိတ်ကို မစွန့်ခွာဘဲ တိုက် ပွဲကို တည်ငြိမ်သော ယုံကြည်စိတ်အပြည့် အဝဖြင့် ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် KIA / PDF ဖွဲ့ဝင် ၅၀ ဦးခန့်  အ‌လောင်းများကို ဆွဲထုတ် ၍ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားရကြောင်းနှင့် PDF အလောင်း ၁ လောင်း၊ စိစစ်ဆဲသေနတ် ၁ လက်ကို ကောက်ယူနိုင်ခြင်း မရှိဘဲ ကိုယ်လွတ် ရုန်း ဆုတ်ခွာထွက်ပြေးသွားကြရကြောင်း ဒေသ ခံ တစ်ဦးထံမှ သိရပါသည်။

     အဆိုပါ တိုက်ပွဲတွင် တံတားလုံခြုံရေးအဖွဲ့မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ရပြီး ၃ ဦး (မစိုးရိမ်ရ ) ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN