မတ္တရာမြို့နယ်တွင် ပြည်သူ့စစ်အဖွဲ့ဝင်နှင့် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အရံကော်မတီဝင် တစ်ဦးနှင့် သာမန်ပြည်သူ တစ်ဦးတို့ကို အကြမ်းဖက် PDF များက သတ်ဖြတ်

နိုဝင်ဘာ ၅

     မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊သဲကောကျေးရွာအုပ်စု၊ကျောက်စရစ်(မြောက်) ကျေးရွာနှင့် ဂရိတ်ဝေါသကြားစက်သွားသည့် လမ်းဆုံအနီးတွင် ပြည်သူ့စစ်အဖွဲ့ဝင်နှင့် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အရံကော်မတီဝင် တစ်ဦးနှင့် သာမန်ပြည်သူ တစ်ဦးတို့ကို ယနေ့ နံနက်ပိုင်းက စိစစ်ဆဲ အကြမ်းဖက် PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရပါသည်။

       ဖြစ်စဥ်မှာ  ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မတ္တရာမြို့နယ်၊သဲကောကျေးရွာ အုပ်စု၊သဲကောကျေးရွာနေ ဦးသန့်ဇင်ထွေး၊၃၅နှစ်၊(ဘ)ဦးအုန်းသောင်(ပြည်သူ့စစ် အဖွဲ့ဝင်)(မတ္တရာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၊မြို့နယ် အရံကော်မတီဝင်)နှင့် တစ်ရွာတည်းနေ သာမန်ပြည်သူ မောင်ဖိုးတုပ်၊၁၈နှစ်တို့သည် ဆိုင်ကယ် ၁စီးဖြင့် ကျောက် စရစ်(မြောက်)ကျေးရွာရှိ ဆွေမျိုးများထံအလည် သွားရောက်စဥ် အခင်းဖြစ်နေရာအရောက်တွင် စိစစ်ဆဲ အကြမ်းဖက် PDF ၅ ဦးခန့်က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

       ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးသန့်ဇင်ထွေးတွင် ဦးခေါင်း၊နောက်ကျော သေနတ်ထိမှန် ဒဏ် ရာများဖြင့်လည်းကောင်း၊မောင်ဖိုးတုပ်တွင် ဦးခေါင်း၊နောက်ကျော၊လက်ပြင် သေနတ်ထိမှန် ဒဏ်ရာများဖြင့်လည်းကောင်း အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သတင်းရရှိပါသည်။

#PAN