မြန်မာအမျိုးသားလေကြောင်းမှ ပြည်ပခရီးစဥ် Cargo Flight နှင့် ပြည်တွင်းခရီးစဥ်များ တိုးချဲ၍ စတင်ပျံသန်းပြေးဆွဲခြင်း

နိုဝင်ဘာ ၅

     မြန်မာအမျိုးသားလေကြောင်းမှ ရန်ကုန် – ကူမင်း – ရန်ကုန် ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးခရီးစဉ် Cargo Flight အား ၂၀၂၃ခုနှစ်၊ နိုဝင် ဘာလ (၃)ရက်နေ့ ည (၂၃:၅၅)တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Boeing 737- 400 Freighter လေယာဉ်ဖြင့် စတင်ပျံသန်း ပြေးဆွဲခဲ့ပါသည်။

       ယနေ့ ရန်ကုန် – ကူမင်း လေယာဉ်ခရီးစဉ် (UB-8501) ဖြင့် ရေထွက်ကုန်ပစ္စည်း ဂဏန်း နှင့် ငါးရှဉ့် (၁၃၀၂၆ ကီလို)ပါရှိသော ပုံးအရေ အတွက် (၄၄၉)ပုံး နှင့် ကူမင်း – ရန်ကုန် လေယာဉ်ခရီးစဉ် (UB-8502) ဖြင့် အထည်အလိပ်များ၊ အဝတ်အထည်နှင့်ပတ်သက်သည့်ပစ္စည်း (၁၂၈၈၆ကီလို) ပါရှိသော ပုံးအရေအတွက် (၆၇၃) ပုံး တင်ဆောင်ပျံသန်း ခဲ့ပြီး ရန်ကုန် – ကူမင်း – ရန်ကုန် Cargo Flight အားနေ့စဉ်ပျံသန်းပြေးဆွဲ ပေးသွားမည်ဖြစ်ပါသည်။

       အလားတူ မြန်မာအမျိုးသားလေကြောင်း၏ ပြည် တွင်းခရီးစဥ်အဖြစ် ရန်ကုန် – မြိတ် – ရန်ကုန် ခရီးစဉ်ကို ယနေ့ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့မှ စတင်၍ အပတ်စဉ် တနင်္လာနေ့၊ ကြာသပတေးနေ့ နှင့် စနေနေ့ များတွင် Boeing 737-800 NG လေယာဉ်ဖြင့် ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်သည်။ ယနေ့ ရန်ကုန် – မြိတ်ခရီးစဉ် (UB-1303) တွင် ခရီးသည်အရေအတွက် ၉၂ ဦးလိုက်ပါခဲ့ပြီး မြိတ် – ရန်ကုန်ခရီးစဉ် (UB-1304) တွင် ခရီးသည်အရေအတွက် ၈၁ ဦး စီးနင်း ပျံ သန်းခဲ့ပါသည်။

     ခရီးစဉ်တွင်လိုက်ပါသည့်ခရီးသည်များအနေဖြင့် Baggage Allowance များဖြစ်သော  Business Class: 30kg Premium Economy Class: 25kg , Economy Class: 20kg အသီးသီး နှင့် Hand Carry Baggage 7kg သယ်ဆောင်နိုင်  မည့်အပြင်လေယာဉ်ပေါ်တွင် Hot Meal အစားအသောက်ကျွေးမွေးခြင်းလည်း ပါဝင်ကြောင်း သတင်းရရှိပါသည်။

#PAN