မြို့သစ်မြို့နယ်၊ မကြီးကုန်းကြီးကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီဝင် တစ်ဦး သတ်ဖြတ်ခံရပြန်

နိုဝင်ဘာ ၅

     မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ မကြီးကုန်းကြီးကျေးရွာတွင် ယနေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်တွင် ပြည်ခိုင်ဖြိုးပါတီဝင် တစ်ဦးကို စိစစ်ဆဲ အကြမ်းဖက် PDF များက ၎င်း၏နေအိမ်တွင် သေနတ်ဖြင့် လာရောက်သတ်ဖြတ်သွားကြောင်း သိရသည်။

       ဖြစ်စဥ်မှာ မကြီးကုန်းကြီးကျေးရွာနေ  ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်သော ဦးဇော်ဇော် သည် ဗေဒင်ဟောသည့် အသက်မွေးဝမ်းကျောင်းနေသူ တစ်ဦးဖြစ်ပြီး စိစစ်ဆဲ အကြမ်းဖက်သမား PDF များ သည် ဗေဒင်မေးလိုကြောင်းပြောဆိုကာ နေအိမ်အတွင်းဝင်လာကာ သေနတ်ဖြင့် ၅ ချက် ပစ်ခတ်ခဲ့ရာ ဦးဇော်ဇော် သေနတ်ဒဏ်ရာများဖြင့် အခင်း ဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်းသိရသည်။

    သေဆုံးသူဦးဇော်ဇော်မှာ ၂၀၁၆ ခုနှစ်ခန့်မှစ၍ တရုတ်နိုင်ငံ နယ်စပ်တွင်သွားရောက် အလုပ်လုပ် ကိုင်နေသူဖြစ်ပြီး မကြီးကုန်းကြီးရွာသို့ပြန်လည်ရောက်ရှိသည်မှာ တစ်လဝန်းကျင်ခန့်သာရှိသေးပြီး  အကြမ်း ဖက် PDF အဖွဲ့၏ သတ်ဖြတ်မှုကိုခံခဲ့ရကြောင်းသိရသည်။

       သေဆုံးသူ ဦးဇော်ဇော် သည် ပြည်ခိုင်ဖြိုးပါတီ မကြီးကုန်းကြီးကျေးရွာအုပ်စု၊ အုပ်စုစည်းရုံးရေးမှူးအဖြစ် ၂၀၁၀ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ တာဝန်ယူခဲ့သူဖြစ်သည်။

      အကြမ်းဖက် PDF များသည် ၂၀၂၀ ခုနှစ် မဲခိုးမှုဖြစ်ပေါ်ခဲ့သည့် ရွေးကောက်ပွဲအလွန်ကာလ တပ်မတော်က အာဏာထိမ်းပြီးနောက်ပိုင်း ” ငါနှင့်မတူ ငါရန်သူ ” ဟုသော အကြမ်းဖက်ဝါဒဖြင့် ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ဝန်းရံထောက်ခံအား ပေးသူများကို ပစ် မှတ်ထားသတ်ဖြတ်လျက်ရှိရာ ပြီးခဲ့သည့် အောက် တိုဘာလ ၃၁ ရက်နေ့ စာရင်းအရ ပြည်ခိုင်ဖြိုးပါတီဝင် ၁၇၇၈ ဦးနှင့် ပါတီဝန်းရံသူ ၇၆၈ ဦး သတ် ဖြတ်ခံထားရကြောင်း အဆိုပါ ပါတီမှ သိရပါသည်။

#PAN