ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက အပြင်း အထန် ဗုံးကြဲခဲ့သည့်အတွက် စာသင်ကျောင်းများ ထပ်မံ ထိခိုက်ခဲ့

နိုဝင်ဘာ ၄

      ဂါဇာကမ်းမြောင်ဒေသကို အစ္စရေး၏ ပြင်း ထန်စွာ ဗုံးကြဲတိုက်ခိုက်မှုသည် စာသင်ကျောင်းများ၊ အမိုး အကာများ၊ ဆေးရုံဧရိယာများနှင့် လူနာတင် ယာဉ်များကို ပစ်မှတ်ထား၍ ပြင်းထန်လာသည်။

       ဂါဇာစီးတီးရှိ လူနာတင်ယာဉ်တန်းကို သောကြာ နေ့က တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောသည်။  လူနာတင်ယာဉ်ကို ထိမှန်ခဲ့ကြောင်း အစ္စရေးက အတည်ပြုခဲ့သော်လည်း ဟားမတ်စ်တိုက်ခိုက်ရေးသမားများ ပစ်မှတ်ထားခဲ့ခြင်း ဖြစ် ကြောင်း အထောက်အထားမပြဘဲ ပြောကြားခဲ့သည်။

ကျောင်းတွင်း ပေါက်ကွဲမှုကြောင့် အသေ အပျောက် အရေအတွက် အတိအကျ မသိရသေး

     ကယ်ဆယ်ရေးအဖွဲ့များသည် ပေါက်ကွဲရာနေရာမှ လူများကို ထပ်မံကယ်တင်ရန် ကြိုးပမ်းနေသော်လည်း အသေအပျောက်စာရင်းကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

     ယခုဖြစ်စဥ်သည် Jabalia ဒုက္ခသည်စခန်းမှာ တတိယမြောက် အဓိက တိုက်ခိုက်မှုဖြစ်ပြီး အစ္စရေး ၏ လေကြောင်းတိုက်ခိုက်မှုသည် ဂါဇာတဝှမ်း အခြားနေရာများမှာ ဘယ်တော့မှ မရပ်တန့်ခဲ့ပါ။  လွန်ခဲ့သည့် ငါးမိနစ်ခန့်က လူနာတင်ယာဉ်တစ်စီးသည် နောက်ထပ် တိုက်ခိုက်မှုတစ်ခုကြောင့် အခြားနေရာသို့ အမြန်ပြေးသွားခဲ့သည်။  ဗုံးခွဲမှုသည် Jabalia တွင်သာမက ဂါဇာရှိ နေရာတိုင်းတွင် ရှိနေသည်။

       Al-Fakhoora ကျောင်းသည် Jabalia ဒုက္ခ သည်စခန်းတွင်တည်ရှိပြီး မြောက်ဘက်တွင် အကြီးဆုံးဖြစ်သည်။ အသေအပျောက်အရေ အတွက် အတိ အကျမရှိသော်လည်း အများအပြားကို ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရှိရပြီး အရေအတွက်မှာ ဒါဇင်နှင့်ချီ၍ ဖြစ်နိုင်မည်ကို စိုးရိမ်မှုများ ရှိနေပါသည်။

     အဆိုပါကျောင်းသည် ဂါဇာကမ်းမြောင်မြောက်ပိုင်းရှိ ယခင်လေကြောင်းတိုက်ခိုက်မှုများမှ ထွက်ပြေးလာသူ ထောင်ပေါင်းများစွာကို လက်ခံပေးထားသည်။ ယင်း ဒုက္ခသည်စခန်းကို ပြီးခဲ့တဲ့ရက်ပိုင်းက သုံးကြိမ်လောက် ထိမှန်ခဲ့ပြီး ယနေ့ နံနက်တွင် ဖြစ်ပွားခဲ့သည်မှာ တစ်ခုတည်းသော ကြီးမားသည့် ဗုံးပေါက်ကွဲမှုတော့ မဟုတ်ပါ။

      နောက်တစ်ခုမှာ ဂါဇာစီးတီး၏ အလယ်ပိုင်းရပ် ကွက်တစ်ခုတွင် ဖြစ်ပွားခဲ့သည်။  လူနေထူ ထပ်သော ဧရိယာသည် ယခုအခါ လုံးဝပျက်စီးသွားခဲ့ပြီး  အပျက်အစီးများအောက်ရှိ လူများကို ရှာဖွေနေဆဲဖြစ်သည်။

     လူပေါင်း ၄၀,၀၀၀ ခန့်သည် အယ်လ်ရှီဖာဆေးရုံတွင် ခိုလှုံနေကြသော်လည်း ဆေးရုံများ၊ ကျောင်းများ၊ ဗလီများနှင့် ဘုရားကျောင်းများကို ပစ်မှတ်ထားလာသောကြောင့် အစ္စရေးတို့၏ တိုက်ခိုက်မှုကို အချိန်မရွေး စောင့်မျှော်နေကြပါသည်။

နောက်ထပ် ဗလီနှစ်ကျောင်း ဖျက်ဆီးခံခဲ့ရ

      အစ္စရေးစစ်တပ်သည် ဂါဇာမြို့တော်တောင်ပိုင်းရှိ ဗလီနှစ်ခုကို ပြီးခဲ့သည့် နာရီပိုင်းအတွင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Anadolu သတင်း ထောက်က ဖော်ပြသည်။

      တိုက်ခိုက်မှုများသည် al-Sabra ရပ်ကွက်ရှိ Ali bin Abi Talib နှင့် Al-Istijabah ဗလီများကို ဖျက်ဆီးခဲ့ကြောင်း သိရပါသည်။
Source; Aljazeera

#PAN