အိမ်ဖြူတော်က ‘လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရပ်ဆိုင်းရန်’ တောင်းဆို၊ ဂါဇာကမ်း မြောင်ဒေသ အခြေအနေ အလွန်အမင်း ဆိုးရွားနေကြောင်း ကုလသမဂ္ဂအေဂျင်စီက ပြောကြား

နိုဝင်ဘာ ၃

     ပဋိပက္ခစတင်ချိန်မှစပြီး ပထမဆုံးအကြိမ်အဖြစ် ဗုဒ္ဓဟူးနေ့တွင် နိုင်ငံခြားသားများကို ကနဦးအသုတ်ဝင်ရောက်ခွင့်ပြုပြီးနောက် ဂါဇာကမ်းမြှောင်မှ အရပ် သားများကို ကယ်ထုတ်ရန် နိုင်ငံတကာအသိုင်းအဝိုင်းက ဆက်လက်ကြိုးပမ်းလျက်ရှိသည်။  ယခုအခါ အီဂျစ်သည် နိုင်ငံ တကာ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူ ၇၀၀၀ ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် လုပ်ဆောင်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

       ဂါဇာကမ်းမြောင်၏ ကျန်းမာရေးဝန်ကြီးဌာနက ၎င်း၏ အဓိကဓာတ်အားပေးစက်သည် အလုပ်မလုပ်တော့ဘဲ လူရာပေါင်းများစွာ၏ အသက်အန္တရာယ်ကို ကျရောက်စေကြောင်း NBC သတင်းဌာနသို့ ပြောကြားခဲ့သည်။  ဂါဇာကမ်းမြောင်ဒေသတွင် တိုက်ခိုက်မှုများကြောင့် လူ ၂၀,၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိဆဲဖြစ် ကြောင်း နယ်စည်းမခြားဆရာဝန်များအဖွဲ့၏ ပြောကြားချက်အရ သိရသည်။

      ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလ သမဂ္ဂအေဂျင်စီက စီမံကွပ်ကဲသည့် ကယ်ဆယ်ရေးစခန်း ၁၄၉ ခုတွင် ပြည်တွင်းနေရပ်စွန့်ခွာသူ ၆၉၀,၀၀၀ ခန့် ခိုလှုံနေကြသည်ဟု ကယ်ဆယ်ရေးအဖွဲ့မှ ကြာသပ တေးနေ့တွင် ပြောကြားပြီး ဂါဇာကမ်းမြောင်ဒေသ၏ အခြေအနေသည် စိတ်ပျက်ဖွယ်ကောင်းသည်ဟု ဖော်ပြသည်။

      ယင်းကြားတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပဋိပက္ခတွင် လူသားချင်းစာနာထောက် ထားမှု “ခေတ္တရပ်” သင့်သည်ဟု ယူဆကာ “အကျဉ်းသားများ” လွတ် မြောက်ရန် အချိန်ပိုပေးသင့်သည်ဟု ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။  အပစ်အခတ်ရပ်စဲရေး တောင်းဆိုသည့် ရန်ပုံငွေပွဲတစ်ခုတွင် ၎င်းကို နှောက်ယှက်သည့် ဆန္ဒပြသူတစ်ဦးကို တုံ့ပြန်တဲ့အနေနှင့် ယခုလို မှတ် ချက်ပေးခဲ့ခြင်း ဖြစ်ပါသည်။
Source; NBC News

#PAN