နိုဝင်ဘာ ၂
■ နမ်းခမ်းမြို့၊ဆေးရုံးကုန်းပေါ်တွင် အခြေပြုနေသော အကြမ်းဖက်များမရှိတော့ဘဲ နမ်းခမ်းမြို့ မူစယ်ဖက်မှ အဝင်မုဒ်ဦးဆိုင်းဘုတ်နှင့် ၃ အိမ်ခန့်အကွာ ရွာထဲတွင်အကြမ်းဖက်များ အုပ်စုလိုက်ရှိနေကြောင်း၊ ကျေးရွာအိမ်များတွင်းရှိလူများ အပြင်မထွက်ရဲကြကြောင်း၊ အကြမ်းဖက်များသည် လမ်းပေါ်တွင်အုပ်စုလိုက်ရှိနေကြောင်း ယနေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင် သတင်းပို့လာပါသည်။
■ နမ်းခမ်းမြို့၊ စခန်းသစ်အား တိုက်ခိုက်ရန် အကြမ်း ဖက်များ ဝိုင်းဝန်းထားကြောင်း၊ စခန်းသစ်၏ဘေးတွင်ရှိသော ရှမ်းရွာထဲတွင် အကြမ်း ဖက်များ ရောက်ရှိနေကြောင်း ယနေ့ ညနေ ၇ နာရီ ၁၀ မိနစ်အချိန်တွင် သတင်းရရှိသည်။
■ လားရှိုးမြို့အပြင် မယ်ဟန်စစ်ဆေးရေးဂိတ်အား ယနေ့ ၂ နာရီခွဲအချိန်ခန့်တွင် အကြမ်းဖက်သောင်း ကျန်းသူပူးပေါင်းအဖွဲ့မှ Drop Bomb အသုံးပြုပြီးတိုက်ခိုက်ခဲ့ရာ ထိခိုက်မှု့မရှိကြောင်းသိရပါသည်။
■ ကျောက်မဲမြို့နယ်၊နောင်ပစ်ကျေးရွာ၊ဘုန်း ကြီးကျောင်းအနီးတွင် အကြမ်းဖက်အင်အားခန့်မှန်း ၁၀ဝ ခန့် ကတုတ်ကျင်းများတူးနေကြကြောင်း၊ ရွာသူ ရွာသားများအား အသုဘရက် လည်ပွဲနှင့်ကြုံသည့်အတွက် ထမင်းများလာပို့ခိုင်း၍ ယခုသတင်းပေးပို့ချိန် မွန်းလွဲ ၁ နာရီ ၁၀ မိနစ်အချိန်တွင် ထမင်းများပို့ပြီး ရွာသားများသည်အကြမ်းဖက်များရှိရာနေရာမှ ပြန်လာကြပြီဖြစ်ကြောင်း၊ နောင်ပစ်ကျေးရွာဘုန်းကြီး ကျောင်း၏ အနောက်ဖက်၊ တောင်ဖက်နှင့် မြောက် ဖက်တို့တွင် ကတုတ်ကျင်းများတူးထားခြင်းဖြစ် ကြောင်း သိရပါသည်။
■ သိန္နီမြို့၊ရဲစခန်းအနီး မီးသင်္ဂြိုလ်စက်နေရာတွင် ယနေ့ ညနေ ၆ နာရီ ၁၄ မိနစ်အချိန်ခန့်က အကြမ်းဖက်သောင်းကျန်းသူအင်အား ၁၀၀ ခန့်ရှိရောက်ရှိနေကြောင်း၊ ၎င်း အကြမ်းဖက်များထဲတွင် ဗမာစကားမတတ်သော (ဝ/ကိုးကန့်/တရုတ်) မသဲကွဲသူများက အမိန့်ပေးစေခိုင်းနေကြောင်း၊ သိန္နီတိုးဂိတ်တွင် အကြမ်း ဖက်အင်အား ၁၀ဝ ခန့်ရှိနေကြောင်း သိရပါသည်။
■ မဘိမ်းမြို့နယ်၊ အင်လှော်ရွာအနီးတောထဲတွင် အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအင်အား ၂၀၀ ခန့်စုဖွဲ့နေပြီး နိုဝင်ဘာလ ၁၀ ရက်မတိုင်မီတိုက်မည်ဟု ကြားသိရသည်။
■ လောက်ကိုင်မြို့နယ်၊ ပါစင်ကျော် ဗျူဟာစခန်းကုန်းကို အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့က သာလွန်အင်းအားဖြင့် လာရောက်တိုက်ခိုက်ရာ အင်အားချင်းမမျှသဖြင့် တပ်မတော်မှ စနစ်တကျ ခွာစစ်ဆင်ခဲ့ကြောင်း သိရပါသည်။
■ ယမန်နေ့ နံနက် ၂ နာရီအချိန်ခန့်တွင် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲများက သာလွန်အင်အားဖြင့် ကြူကုတ်ဗျူဟာကုန်းအား လာရောက်တိုက်ခိုက်ရာ အင်အားချင်းမမျှသဖြင့် အဆိုပါစခန်းမှ စနစ် တကျ ခွာစစ်ဆင် ဆုတ်ခွာပေးခဲ့ပြီး ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် တပ်မတော်မှ စစ်ကြောင်းများက ပြန်လည်တိုက်ခိုက်ပြီး သိမ်းယူနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။
#PAN