ကြားအင်းဆိပ်ကြီးမြို့တိုက်ပွဲတွင် အယ်စေးဝါး(လက်ပြတ်)၏ Lion Battation Commando Special Forces ဗျူဟာစစ် ကြောင်းမှ ဒုတိယစစ်ကြောင်းမှူး စေလာ ကျဆုံးခဲ့

နိုဝင်ဘာ ၂

      ယနေ့ နံနက် ၅ နာရီ အချိန်ခန့်မှစ၍  အကြမ်း ဖက်သောင်းကျန်းသူ KKO (ခွဲထွက်)နှင့် PDF  ပူးပေါင်းအဖွဲ့များသည် ကြားအင်းဆိပ်ကြီးမြို့ရှိ နယ်မြေခံ တပ်ရင်းဌာနချုပ်နှင့် မြို့ပေါ်ရှိ လုံခြုံရေးအဖွဲ့များကို  အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲတွင် အကြမ်း ဖက် သောင်းကျန်းသူ အယ်စေးဝါး(လက်ပြတ်) အဖွဲ့မှ အလောင်း ၁ လောင်း၊ M-4 (ဗုံးပစ်လောင်ချာပါ) ၁ လက်၊ ၎င်း ကျည်အိမ် ၁ ခု၊ ပစ္စတို ၁ လက်၊၎င်း ကျည်အိမ် ၁ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ ၉ မမကျည် ၁၂ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ဒဏ်ရာရသူအမြောက်အများ သယ်ယူသွားကြကြောင်း သတင်းဖော်ပြပြီးဖြစ်သည်။

       အဆိုပါ အကြမ်းဖက်သောင်းကျန်းသူများ မသယ်ယူဘဲကျန်ရစ်ခဲ့သော ရုပ်အလောင်းမှာ အယ်စေးဝါး(လက်ပြတ်)၏ Lion Battation Commando Special Forces ဗျူဟာစစ်ကြောင်းမှ ဒုတိယစစ်ကြောင်းမှူး စောလာ၏ ရုပ်အလောင်းဖြစ်ကြောင်း သိရသည်။

    ၎င်း Lion Battation Commando Special Forces ဗျူဟာစစ်ကြောင်းမှ စစ်ကြောင်းမှူးဖြစ်သူ အယ်စေးဝါး(လက်ပြတ်)မှာ ကျန်းမာရေးမကောင်းသဖြင့် လိုက်ပါနိုင်ခြင်းမရှိဘဲ ဒုတိယစစ်ကြောင်းမှူး စောလာ က ဦးဆောင်၍ လာရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု သတင်ရရှိပါသည်။

#PAN