ဇွန် ၅
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မေလ ၂၃ ရက်နေ့မှ ဇွန်လ ၅ ရက်နေ့အထိ ၂၀၂၃ – ၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းအပ်နှံမှုစာရင်းများမှာ မူလတန်း ၁၆၀၄၇၇ ဦး၊အလယ်တန်း ၄၉၈၆၆ ဦး၊ အထက်တန်း ၂၀၈၇၂ ဦး၊ စုစုပေါင်း ၂၃၁၂၁၅ ဦး ဖြစ်ပါသည်။
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် မူလတန်း ၁၅၄၉၄ ဦး၊ အလယ်တန်း ၃၉၆၃ ဦး၊ စုစုပေါင်း ၁၉၄၅၇ ဦး ဖြစ်ပြီး ကိုယ်ပိုင်ကျောင်းများတွင် မူလတန်း ၉၂၉၁ ဦး၊အလယ် တန်း ၃၉၉၉ ဦး၊ အထက်တန်း ၂၆၄၇ ဦး၊ စုစု ပေါင်း ၁၅၉၃၇ ဦး ဖြစ်ပါသည်။
ဇွန်လ ၅ ရက်နေ့အထိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်စာသင်ကျောင်းများတွင်ကျောင်းအပ်နှံသူစုစုပေါင်း ၂၆၆၆၀၉ ဦး အပ်နှံပြီးဖြစ်ပါသည်။
ယမန်နှစ်က ကျောင်းသား၊ ကျောင်းသူဦးရေ ၂၅၀,၀၀၀ ကျော်အပ်နှံသဖြင့် ဒီနှစ်ကျောင်းအပ်နှံရေးကာလအတွင်း ၂၈၀,၀၀၀ ကျော်အပ်နှံမည်ဟု တိုင်းဒေသကြီးအခြေခံပညာဦးစီးဌာနက
ခန့်မှန်းထားကြောင်း သိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး အတွင်း (၂၀၂၃ – ၂၄) ပညာသင်နှစ်၏ ကျောင်းအပ်နှံမှုအခြေအနေသည် ယမန်နှစ် (၂၀၂၂ – ၂၃) ပညာသင်နှစ်ထက် တိုးတက်လျှက်ရှိပြီး တစ်ရက်နှင့်တစ်ရက် ကျောင်းသားများ၏ကျောင်းအပ်နှံမှုများစွာ ပိုများလာတာကိုတွေ့ရှိနေရကြောင်း သတင်းရရှိပါသည်။
#PAN