မဒေါက်​မြို့၊ အင်းဝိုင်းကျေးရွာအုပ်စု၊ ကွင်းဒလကြီးကျေးရွာတွင် သာမန်ပြည်သူ တစ်ဦး ညအိပ်နေစဥ် လူသတ်အကြမ်းဖက် PDFအဖွဲ့ကသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

ဇွန်  ၅

        ပဲခူးတိုင်းဒေသကြီး၊အရှေ့ညောင်လေး
ပင်ခရိုင်၊ညောင်လေးပင်မြို့နယ်၊ မဒေါက်​မြို့၊ အင်းဝိုင်းကျေးရွာအုပ်စု၊ ကွင်းဒလကြီးကျေး
ရွာတွင် ယမန့်နေ့ ည ၈နာရီအချိန်ခန့်က ကိုအောင်နိုင်၊ ၄၀ နှစ်ခန့်၊(ဘ) ဦးပေါက်စ သည် အိပ်ယာထဲတွင်အိပ်နေစဥ် လူသတ်အကြမ်းဖက် PDFအဖွဲ့မှ
သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ရင်ဘတ် ညာဘက်တွင် ဒဏ်ရာ နှစ်ချက် ခေါင်းနောက်စေ့တွင်ဒဏ်ရာ တစ်ချက်ဖြစ် အခင်းဖြစ်ရာတွင်သေဆုံးသွားကြောင်း သတင်းရရှိပါသည်။

   အဆိုပါ အသတ်ခံရသူ ကိုအောင်နိုင်သည် သာမန်ပြည်သူ တစ်ဦးသာဖြစ်ပြီး ယခုလို သတ်ဖြတ်ခံရခြင်းအကြောင်းရင်းကို မသိရှိရသေးကြောင်း၊PDFအမည်ခံအကြမ်းဖက်သမားများက ယခုလို အပြစ်မဲ့ သာမန်ပြည်သူများကို ဒလန်ဟုသောစွပ်စွဲချက်ဖြင့် မကြာခဏ သတ်ဖြတ်လေ့ရှိကြောင်း ဒေသခံပြည်သူများထံမှ သတင်းရရှိပါသည်။

#PAN