NATO အဖွဲ့ဝင်တစ်နိုင်ငံက ယူကရိန်းသို့ လက် နက်များ တင်ပို့မှု ရပ်တန့်မည်

အောက်တိုဘာ ၃၀

       NATO အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဆလိုဗက်ကီးယားနိုင်ငံက ယူကရိန်းသို့ စစ်လက် နက်ပစ္စည်းပေးပို့မှုကို ရပ်တန့်မည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးအသစ် မာတင် စကလန်နာ က ပြောသည်။ လက်ရှိတွင် ဆလိုဗက် ကီးယားနိုင်ငံက အမေရိကန်နှင့် ချုပ်ဆိုထားသည့် ကာ ကွယ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်သည် နှစ်ဦးနှစ်ဖက် အကျိုး ရှိ၊ မရှိကို ပြန်လည်သုံးသပ်နေကြောင်း ဆလိုဗက်ကီးယား ဒုတိယဝန်ကြီးချုပ် ရောဘတ် ကာလီနက် က ပြော သည်။

      ထိုသို့ စာချုပ်ကို ပြန်လည်သုံးသပ်မှု၏ ရလဒ်အနေဖြင့် ဆလိုဗက်ကီးယားနိုင်ငံက ယူကရိန်းသို့ စစ်လက်နက် များပေးပို့မှုကို ရပ်တန့်သွားမည် ဖြစ် ကြောင်း ကာကွယ်ရေးဝန်ကြီးက အမေရိကန်သံအမတ်ကြီးနှင့် တွေ့ဆုံဆွေးနွေး ပြီးနောက် ပြော သည်။

        ဆလိုဗက်ကီးယားနိုင်ငံ၏ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးမူဝါဒများက ဆုံးရှုံးပြီးရင်း ဆုံးရှုံးမှုများ နှင့်သာ ရင်ဆိုင်နေရကြောင်း၊ ခေါင်းဆောင်တစ်ဦး၏ အမှားများအတွက် ဆလိုဗက်ကီးယားနိုင်ငံက မထောက်ပံ့ပေးနိုင်တော့ကြောင်း ၎င်းက ဆက်ပြော သည်။

         အနောက်အုပ်စုမှ နိုင်ငံများနှင့် မဟာမိတ်ဖွဲ့ပူးပေါင်းဆောင်ရွက်မှုကို ဆလိုဗက်ကီးယားနိုင်ငံက တန်ဖိုးထား ကြောင်း၊ သို့သော် လက်ရှိအစိုးရအသစ်က ယခင်အစိုးရအဟောင်းကဲ့သို့ လမ်းဟောင်းအတိုင်း ဆက်လျှောက်မည် မဟုတ်ကြောင်းနှင့် ပြည်သူများ၏ အကျိုးစီးပွားကိုသာ အလေးထားသွားမည် ဖြစ် ကြောင်း ကာကွယ်ရေးဝန်ကြီး က ပြောကြားသည်ဟု RT သတင်းဌာနတွင် ဖော်ပြထားသည်။

#PAN