မဟာအောင်မြေမြို့နယ်ရှိ ပေါ်ဦးရွှေဆိုင် ဓားပြတိုက်ခံရ သိန်း ၁၂၀၀၀ ကျပ်ခန့် ယူဆောင်သွား

အောက်တိုဘာ ၃၀
     
      မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန်ရပ်ကွက်၊ အကွက်အမှတ် (၅၁၀-က)၊ ၈၄လမ်း၊၄၁×၄၂လမ်းကြားရှိ ပေါ်ဦးရွှေဆိုင်ကို စိစစ်ဆဲ အမျိုးသား ၄ ဦးက ယနေ့ နံနက်ပိုင်းတွင် ဓားပြတိုက်ခဲ့ရာ စုစုပေါင်းတန်ဖိုးငွေ သိန်း ၁၂၀၀၀ ကျပ်ခန့် ယူဆောင်သွားသည်ဟု သိရပါသည်။

   ယနေ့ နံနက် ၈ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် အဆိုပါ ပေါ်ဦးရွှေဆိုင်ရှေ့သို့ CZI ဆိုင်ကယ် ၂စီး(နံပါတ်စိစစ်ဆဲ)ဖြင့် အမျိုးသား ၄ဦး၊အင်္ကျီအနက်ရောင်၊ဘောင်း ဘီရှည် အနက်ရောင် ဝတ်ဆင်ထားသူများရောက်ရှိလာကြောင်း၊ ၎င်းတို့အထဲမှ တစ်ဦးက(စိစစ်ဆဲ) သေ နတ်အတို ၁လက်အားကိုင်ဆောင်ကာ ကောင်တာအတွင်းသို့ ရောက်ရှိလာပြီး အဆိုပါသေနတ်ဖြင့် ကောင်တာအား ၂ ချက်ပစ်ခတ်ကာ ကောင်တာအတွင်းရှိ ရွှေဆွဲကြိုး ၄၀ကုံးခန့်၊ ရွှေကလစ် ၃၀ခုခန့်၊ စုစုပေါင်းတန်ဖိုးငွေ သိန်း ၁၂၀၀၀ ကျပ်ခန့်အား ယူဆောင်သွားခဲ့ကြောင်း သိရသည်။

      CZI ဆိုင်ကယ်စီး အဆိုပါ ဓားပြ အမျိုးသား ၄ ဦးသည် ၈၄လမ်းအတိုင်း တောင်ဘက်သို့ မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်းနှင့် ရွှေဆိုင်းအတွင်းမှ USA Auto 380 ကျည် ၁တောင့်နှင့်ကျည်ခွံ ၁ခု၊အရိုးအသွား ၁၀လက်မခန့်ရှိ ဓားဦးချွန်တစ်ချောင်းတို့ တွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN