မိုးညှင်းမြို့နယ်၌ ငွေကျပ် ၁၅၉ဝ ဒသမ ၇၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

အောက်တိုဘာ ၃၀

       အောက်တိုဘာ၂၈ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်က ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးညှင်းမြို့ နယ် ၊ လွဲမွန်ကျေးရွာအုပ်စု၊ နန့်မီးလောင်ကျေးရွာအနီးတွင် စိုးသူနှင့် နောင်နောင် တို့ နှစ်ဦးအား VOXY အမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်းအတွင်းမှ ဘိန်းဖြူ ၅ ဒသမ ၆၄၃ ကီလို၊ စိတ်ကြွရူးသွပ်ဆေး ပြား ၉၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် စိုးသူ ၊ ၃၂ နှစ်နှင့် နောင် နောင်၊ ၂၀ နှစ်တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

#PAN