တရားမဝင် စားသောက်ကုန်ပစ္စည်းများ၊ မော် တော်ဆိုင်ကယ်များနှင့် လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ မော်တော်ယာဉ်များ သိမ်းဆည်းရမိ

အောက်တိုဘာ ၃၀

      တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦး ဆောင်ကော်မတီ၏ကြီးကြပ်ကွပ်ကဲမှုဖြင့် တရား မဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက် တိုဘာ ၂၇ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဗန်းမော်မြို့ နယ်၊ စီအင်မြို့အဝင် ဘီးခွန်ဂိတ်အနီး၌ လွယ်ဂျယ်မြို့မှ ဗန်းမော်မြို့သို့ မောင်းနှင်လာသော ယာဉ် နှစ်စီးပေါ်မှ တရုတ်နိုင်ငံထုတ် ပလတ်စ တစ်မိုးကာလိပ် ကိုးလိပ်၊ ပလတ်စတစ်ရေပုံး(အသေး) ၁၀၀၀၊ မာလာခေါက်ဆွဲ အိတ် ၁၆၀ ကီလိုဂရမ်၊ ငါးမာလာအနှစ်ထုပ် ၁၅၀ ကီလိုဂရမ်၊ အစား အသောက် အစပ်ချောင်း/အပြား ၁၅၀ ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း ငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၁၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင် ဆောင်လာသည့် Isuzu Bighorn တစ်စီးနှင့် Station Wagon တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉,၀၀၀,၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄,၁၀၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီးအကောက် ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

       ထို့အတူ အောက်တိုဘာ ၂၇ ရက်တွင် ရှမ်းပြည် နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာလားရှိုးမြို့၊ မြို့ရှောင်လမ်း မိုင်တိုင်အမှတ် (၈/၇) အနီး၌ မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တစ်စုံ တစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် Glass Fiber သိုးမွေး ၆၉၀ ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း ၁၀ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၂၂၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Express တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၀,၀ဝဝ,ဝဝဝ)ကို
လည်းကောင်း၊ ကျိုင်းတုံမြို့ နောင်နွန်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ တာချီလိတ်မြို့ မှ ကွန်ဟိန်းမြို့သို့ မောင်းနှင်လာသည့် ယာဉ်သုံးစီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် Lina Gluta Collagen အထုပ် ၆၄၂၂၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၁,၂၈၄,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hiace သုံးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀,၀၀၀,၀၀၀) ကို လည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၉,၅၀၄,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

        အလားတူ အောက်တိုဘာ ၂၇ ရက်တွင် ရန်ကုန် တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျူပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သာကေတမြို့နယ်၊ ရှုခင်းသာမြို့ပတ်လမ်းရှိ မန်းရွှေလီကုမ္ပဏီ ၏ဂိုဒေါင်၌ တရားဝင်စာရွက်စာတမ်းအထောက် အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် လည်ရှည်ဖိနပ်အရန် ၆၈၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ်
၄၀,၁၂၀,၀၀၀)ကိုလည်းကောင်း၊ ရွာသာကြီး Dry Port ၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာ တွင် ကြေညာထားခြင်းမရှိသည့် Sinar Spectra ရောင်စုံစက္ကူ(A4) ၁၆၆၄၀ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁,၀၁၈,၂၄၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Tractor Head တစ်စီးနှင့် နောက်တွဲယာဉ် တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀,၀၀၀,၀၀၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၁,၁၃၈,၂၄၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

       ထပ်မံ၍ အောက်တိုဘာ ၂၇ ရက်တွင် အကောက် ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင် ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ တစ်လုံးအတွင်းမှ ပို့ကုန်ကြေညာလွှာတွင် ကြေ ညာထားခြင်းမရှိသည့် Dry Ginger ၇၀၅၀ ကီလိုဂရမ်အပါအဝင် ကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၉၂၄,၄၀၀)ကိုလည်းကောင်း၊ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာနှစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Maxten Urinal ကြွေဆီးပေါက်ခွက် ၆၀ အပါအဝင် ကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၀၀၀,၀၀၀)ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂,၉၂၄,၄၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီအရေးယူဆောင်ရွက်လျက်ရှိသည်။

       ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၂၇ ရက်တွင် ကောလင်းမြို့၊ စက်ရုံလယ်ပြင်ရပ်ကွက်၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များဖြစ်သည့် Jialing တစ်စီး၊ Zong Shen 125 တစ်စီးနှင့် Suzuki 125 တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၀၀,၀၀၀)ကိုလည်း ကောင်း၊ မုံရွာမြို့၊ ပြည် ထောင်စုလမ်း ဂေါက်ကွင်းအနီး၌ လိုင်စင်မဲ့ Lifen သုံးဘီးဆိုင်ကယ် နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၀၀၀,၀၀၀) ကို လည်း ကောင်း၊ အောက်တို ဘာ ၂၈ ရက်တွင် ရွှေဘိုမြို့နယ်အတွင်း၌ လိုင်စင်မဲ့မော်တော် ဆိုင်ကယ်များဖြစ်သည့် Kenbo 125 နှစ်စီးနှင့် Sanbo 125 တစ်စီး (ခန့်မှန်းတန် ဖိုးငွေကျပ် ၉၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃,၄၀၀,၀၀၀ ကို သိမ်း ဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။

        သို့ဖြစ်ပါ၍ အောက်တိုဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၃၁ မှု (ခန့် မှန်းတန်ဖိုးငွေကျပ် ၆၃၁,၀၆၆,၆၄၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

#PAN