လေဖိအားနည်းရပ်ဝန်း ၂ ကြိမ်တွင် ၁ ကြိမ်သည်မုန်တိုင်းဖြစ်နိုင်

အောက်တိုဘာ ၂၉

      ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လာမယ့်နိုဝင်ဘာလအတွင်း လေဖိအားနည်းရပ်ဝန်း ၂ ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ တစ်ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ပါတယ်။

      အောက်တိုဘာလ ၂၈ ရက် မနက်ပိုင်းထုတ်ပြန်တဲ့ နို၀င်ဘာလ အတွက် မိုးလေ၀သခန့်မှန်း ချက်မှာ အခုလိုဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ညအပူချိန်တွေအနေနဲ့  ရှမ်းပြည်နယ် (တောင်ပိုင်းနဲ့အရှေ့ပိုင်း)၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တို့ မှာ နိုဝင်ဘာလ ပျမ်းမျှအပူချိန်ရဲ့ ၁ ဒဿမ ၅ ဒီဂရီစင်တီဂရိတ်နဲ့အထက် ပိုနိုင်တယ်လို့ဆိုပါတယ်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာတော့ နိုဝင်ဘာလ ပျမ်းမျှအပူချိန်လောက်သာ ရှိနိုင်တယ်လို့ သိရပါတယ်။

       စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ မွန်ပြည် နယ်တို့မှာ နိုဝင်ဘာလ ၁၆ ရက်ကနေ ၂၀ ရက်အတွင်း မနက်ပိုင်းမှာ မြူထူနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
      အလားတူ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ နိုဝင်ဘာလ ၁၁ ရက်ကနေ ၁၅ ရက်အတွင်း နေပြည် တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့မှာ  ၅ ရက် ကနေ ၁၀ ရက် ခန့် မနက်ပိုင်းမှာ မြူထူနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

#PAN