ဒေသတွင်းစစ်ပွဲဖြစ်မှာကို စိုးရိမ်နေချိန်မှာ ဆော်ဒီကာကွယ်ရေးဝန်ကြီးက အိမ်ဖြူတော်ကို လာရောက်လည်ပတ်မည်

အောက်တိုဘာ ၂၉

     ဆော်ဒီကာကွယ်ရေးဝန်ကြီး Khalid bin Salman (KBS) သည် ဝါရှင်တန်တွင် တနင်္လာနေ့တွင် အကြီးတန်း Biden အုပ်ချုပ်ရေးအရာရှိများနှင့် တွေ့ဆုံဆွေးနွေးရန် မျှော်လင့်ထားကြောင်း ခရီးစဉ်နှင့်ပတ်သက်သည့် သတင်းရင်းမြစ် သုံးခုမှ Axios သတင်းဌာန သို့ ပြောကြားခဲ့သည်။

      အဆိုပါ ခရီးစဉ်ကို အချိန်အတော်ကြာ စီစဉ်ထား သည်ဟု သတင်းရင်းမြစ်များက ပြောကြားသည်။ သို့သော်လည်း အစ္စရေးသည် ဂါဇာတွင် ၎င်း၏ မြေပြင်စစ်ဆင်ရေးကို တိုးချဲ့ပြီး ရက်ပိုင်းအကြာတွင် အစီအစဥ်ဖြစ်လာသည်။

      အစ္စရေးနှင့် ဟားမတ်စ်တို့ကြား တိုက်ပွဲများ သည် ဒေသတွင်းစစ်ပွဲအဖြစ်သို့ ကျယ်ပြန့်လာနိုင်ကြောင်း အမေရိကန်နှင့် ဆော်ဒီအာရေးဗီးယားတို့က ထုတ်ဖော်ပြောဆိုလာချိန်တွင် ဤခရီးစဥ်ထွက်ပေါ်လာခြင်းဖြစ် သည်။

      ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman(MBS)၏ အစ်ကိုဖြစ်သူ အမေရိကန်နိုင်ငံဆိုင်ရာ ဆော်ဒီ သံအမတ်ဟောင်း ဆော်ဒီကာကွယ် ရေးဝန်ကြီး (KBS) သည် Biden အုပ်ချုပ်ရေးတာဝန်ယူချိန်မှစ၍ ဝါရှင်တန်သို့လာရောက်လည်ပတ်သည့် အဆင့်အမြင့်ဆုံး ဆော်ဒီအရာရှိဖြစ်သည်။

     KBS သည် အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan၊ ကာကွယ်ရေးဝန်ကြီး Lloyd Austin၊ နိုင်ငံခြားရေးဝန်ကြီး Tony Blinken နှင့် အထက်လွှတ်တော်အမတ်အများအပြားနှင့် တွေ့ဆုံရန် မျှော်လင့်ထားကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

    အိမ်ဖြူတော်က မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပြီး ဝါရှင်တန်ရှိ ဆော်ဒီသံရုံးသည် ခရီးစဉ်နှင့်ပတ်သက်သည့် မေးခွန်းများကို ချက်ချင်းဖြေကြားခြင်းမရှိပေ။

       သမ္မတ Biden က အင်္ဂါနေ့က ဆော်ဒီအိမ် ရှေ့မင်းသား MBS ကို ပြောကြားရာတွင် အမေရိကန်၏ သံတမန်ရေးရာနှင့် ဒေသတွင်းရှိနိုင်ငံများနှင့် နိုင်ငံမရှိသော အင်အားစုများ စစ်ပွဲတွင် ပါဝင်ခြင်းမှ ဟန့်တားရန် သံတမန်ရေးနှင့် စစ်ရေးဆိုင်ရာ ကြိုးပမ်းမှုများနှင့်ပတ်သက်ပြီး ပြောကြားခဲ့သည်ဟု အိမ်ဖြူတော်က ပြောကြားခဲ့သည်။

      Biden က အမေရိကန်သည် “နိုင်ငံ ဖြစ်စေ သို့မဟုတ် နိုင်ငံမရှိသော အင်အားစုများမှ ဖြစ်စေ အကြမ်းဖက်ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရသော အမေရိကန်မိတ်ဖက်များ၏ ကာကွယ်ရေးကို အပြည့် အဝထောက်ခံသည်” ဟု အိမ်ဖြူတော်က အလေးပေးပြောကြားခဲ့သည်။

#PAN