အကြမ်းဖက်သောင်းကျန်းသူများက အရပ်သားပြည်သူများနေထိုင်ရာ လားရှိုးမြို့၊အမှတ်(၅)ရပ် ကွက်အတွင်းသို့ အာပီဂျီဖြင့် ပစ်ခတ်

အောက်တိုဘာ ၂၈

      ယမန်နေ့ ည ၁၁ နာရီခွဲအချိန်ခန့်တွင် ရှမ်း ပြည် နယ်မြောက်ပိုင်း၊လားရှိုးမြို့၊မန်အိုင်ကုန်းပေါ်သို့ တိုယိုတာဝစ်ရှ်အမျိုးအစားကားဖြင့် လာရောက်၍ အမှတ်(၅)ရပ်ကွက်အတွင်းသို့ အကြမ်းဖက်သောင်း ကျန်းသူများက အာပီဂျီဖြင့် ၄ ချက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် အမှတ် (၅)ရပ်ကွက်အတွင်းရှိ လူနေအိမ်တစ်လုံးကို ထိမှန်ပြီး အပြစ်မဲ့ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရပါသည်။

      အဆိုပါအကြမ်းဖက်များသည် မန်အိုင်ကုန်းပေါ်တွင်ရှိသော ပြည်သူ့စစ်အစောင့်စခန်းတဲတလုံးအားမီးရှို့ဖျက်ဆီးသွားခဲ့ကြကြောင်း သိရပါသည်။

       သတင်းအရ ကြိုတင်စောင့်ဆိုင်းနေသော လုံခြုံ ရေးတပ်ဖွဲ့များ၏ ပြန်လည်ပစ်ခတ်မှု့ကြောင့် အကြမ်း ဖက်များသည် နတ်ရေကန်တောင်ကုန်းလမ်းကြောင်းအတိုင်း ကုန်းညောင်ကျေးရွာဖက်သို့ ထွက်ပြေးသည့်သွားကြောင်း၊ ၎င်းတို့နောက် သို့ လိုက်လံရှင်းလင်းခဲ့ကြပြီး တိုင်းစစ်ဌာနချုပ်မှလည်း လက်နက်ကြီးပစ်ကူများကို ယနေ့ နံနက် ဝ၀ : ၅၉ နာရီအချိန်ထိပေးခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN