နွားထိုးကြီးမြို့နယ် NLD ပါတီ အမာခံတစ်ဦးကို အကြမ်းဖက်သမားများက အချင်းချင်းသတ်ဖြတ်

အောက်တိုဘာ ၂၈

      မန္တလေးတိုင်းဒေသကြီး၊နွားထိုးကြီးမြို့နယ်၊ထ နောင်းပင်လဲကျေးရွာနှင့်သည်ပင်ကျေးရွာသွား မြေသားလမ်းမှ ယာတောသို့သွားသည့် လမ်းဘေး၌ NLD ပါတီ အမာခံတစ်ဦးဖြစ်သူ ဦးထိန်လင်း၊ ၅၀နှစ်၊(ဘ)ဦးတင်ငွေ၊ထနောင်းပင်လဲကျေးရွာ၊နွားထိုးကြီးမြို့နယ်နေသူကို ယမန်နေ့ ညပိုင်းက စိစစ်ဆဲအကြမ်းဖက် သမားများက သေ နတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။

        ဖြစ်စဥ်မှာ ယမန်နေ့ ည ၁၀ နာရီအချိန်ခန့်တွင် သေဆုံးသူ ဦးထိန်လင်း၏ နေအိမ်တဲနှင့် ကိုက် ၃၀၀ ခန့်အကွာရှိ နေအိမ်တဲ၌ သေဆုံးသူ၏ယောက်ဖဖြစ်သူ ဦးဇော်လွင်၊၄၄နှစ်၊(ဘ)ဦးစိန်လေး၊ထနောင်းပင်လဲကျေးရွာ၊နွားထိုးကြီးမြို့နယ်နေသူသည် အိပ်နေစဥ် သေနတ်သံကြားသော်လည်း တဲအပြင်သို့မထွက်ဘဲ ဆက်အိပ်နေခဲ့ကြောင်း၊ ယနေ့ နံနက် ၉ နာရီခန့်တွင် ယောက်ဖဖြစ်သူ ဦးထိန်လင်း၏တဲသို့ သွားရောက်ကြည့်ရှုခဲ့ရာ ဦးထိန်လင်းမှာ ၎င်း၏တဲနှင့် ကိုက် ၁၀၀ခန့်အကွာ ယာတောသွားလမ်းဘေးတွင် ဦးခေါင်းနောက် စေ့မှဖောက်ဝင်ပြီး ဝဲဘက်မျက်လုံး  ဖောက်ထွက်ဒဏ်ရာ ၂ ချက်၊နောက်ကျောပြင်မှ ဖောက်ဝင်ပြီး ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာ ၂ ချက်တို့ဖြင့် လဲကျသေ ဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရပါသည်။

       ဒေသခံများရွာသားများ၏ ပြောပြချက်အရ
သေဆုံးသူ ဦးထိန်လင်းမှာ ယခင်က NLD ပါတီ အမာခံတစ်ဦးဖြစ်ပြီး အကြမ်းဖက်သမား PDF များက ၎င်းတို့နှင့် ပူးပေါင်းချင်းမရှိသည့်အပေါ် မကျေ နပ်၍ ယခုလို အချင်းချင်း သတ်ဖြတ်ခြင်းဖြစ် ကြောင်း သိရသည်။

#PAN