ပေါင်မြို့နယ်၊စည်ပင်ဂိတ်အနီး မော်လမြိုင် – ရန်ကုန် သွား ကားလမ်းမပေါ်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့က စစ်ဆေးစဥ် အမျိုးသားတစ်ဦးကို တရားမဝင် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

အောက်တိုဘာ ၂၈

       မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ယာဉ်ဝင်/ထွက်သွားလာမှုများကို စစ်ဆေးကြပ်မတ်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက လုံခြုံရေးပူးပေါင်းအဖွဲ့သည် ပေါင်မြို့နယ်၊ကျွဲခြံကျေးရွာ၊ စည်ပင်ဂိတ်အနီး မော်လမြိုင် – ရန်ကုန် သွား ကားလမ်းမပေါ်တွင် ဆိုင်ကယ်ဖြင့် စီးနင်းမောင်နှင်လာသော မသင်္ကာဖွယ် အမျိုးသားတစ်ဦးကို စစ်ဆေးရာ တရားမဝင်ကိုင်ဆောင်ထားသော လက်နက်၊ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု အဆိုပါ လုံခြုံရေးအဖွဲ့ထံမှ သိရပါသည်။

    ဖြစ်စဥ်မှာ ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့သည် အဆိုပါနေရာတွင် ယာဉ်စစ်/ပိတ်ဆို့ ဆောင်ရွက်နေစဉ် မော်လမြိုင်ဘက်မှ သထုံဘက်သို့ စီးနင်းမောင်း နှင်လာသော ဆိုင်ကယ် နံပါတ် ၆၀ယ/၄၇၆၇၀၊ Wave-S 125(ဖြူ /မဲ)ရောင် ဆိုင်ကယ်အား ပေါင်မြို့နယ်၊ စည်ပင်ဂိတ်တွင်တားစီး ရပ်တန့်စစ်ဆေးရာ ထွန်နိုင်၊ ၂၁ နှစ်၊ (ဘ) ဦးမင်းနိုင်၊ မပတ(မရှိ)၊ မွတ်စလင်/အစ္စလာမ်၊ ကျပမ်းလုပ်၊ အမှတ်(၅၃)၊ အုတ်ဖိုလမ်း၊ မော်လမြိုင်မြို့နေသူဖြစ်ပြီး ၎င်းကို သက်သေများနှင့်အတူ စစ်ဆေးရာ ၎င်း၏ခါးအတွင်းမှ USA-နိုင်ငံလုပ် (9MM) ပစ္စတို ၁ လက်၊၎င်း၏ ဆိုင်ကယ်ဘောက်အတွင်းမှ ကျည်အိမ် ၂ ခု၊ ၎င်းကျည်(38-ကျည်) ၂၉ တောင့်၊ Vivo အမျိုးအစားအနီရောင်(ပျက်ဖွင့်မရ) ၁ လုံး၊ Redmi Note-9 မိုးပြာရောင် ၀၉၇၇၀၉၀၂၆၂၁၊ ၀၉၇၅၈၂၅၅၅၁၆ ဆင်းကဒ်များထည့်သွင်းထားသော မိုးပြာရောင်ဖုန်း ၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

     အဆိုပါ တရားမဝင် လက်နက်ခဲယမ်းများကိုင်ဆောင်သော တရားခံ ထွန်းနိုင် ကို ဆက်လက်စစ်ဆေးလျက်ရှိပြီး ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူဆောင် ရွက်သွားမည်ဟု သတင်းရရှိပါသည်။

#PAN