အကြမ်းဖက်သောင်းကျန်းသူ KIA/ PDF များက သိန်း ၃၀၀ တန် Drone ဝယ်ယူရန် ရွှေကူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် တစ်အိမ်လျှင်ငွေကျပ် ၅၀၀၀ နှုန်းဖြင့် ဆက်ကြေးကောက်ခံလျက်ရှိ

အောက်တိုဘာ ၂၇

       ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့ နယ်ရှိ ဆင်တပ်၊ရေလဲ၊မိုးစစ်ကျေးရွာများတွင် အောက်တို ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်း၌ ကျေးရွာရှိ အကြမ်း ဖက်သောင်းကျန်းသူ KIA/ PDF များက ခန့် အပ်ထားသော ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်းမှူးများ၊ဒေသအခေါ် ငါးရပ်ငါးခေါင်းမှ ခေါင်ဆောင်များ (ကပ္ပိယ၊ ပေါ်ခိန်၊မယ်ခိန်၊ လူပျို ခေါင်း၊အပျို ခေါင်း) ခေါင်ဆောင်ခိုင်းပြီ အကြမ်းဖက် KIA /PDF များက ကျေးရွာရှိ တစ်အိမ်လျှင်ငွေကျပ် ၅၀၀၀ နှုန်းဖြင့် မဲလက်မှတ်များရောင်းချ ဆက် ကြေးကောက်ခံသွားသည်ဟု ဒေသခံရွာသား တစ်ဦးက ဆိုပါသည်။

      အလားတူ ရွှေကူမြို့နယ်၊ ပေါက်ကုန်းကျေး ရွာနှင့် သင်္ဘောအင်းကျေးရွာများကိုလည်း ယမန်နေ့  နံနက်ပိုင်းအချိန်က ကောက်ခံသွားကြောင်းနှင့် ထိုသို့ ကောက်ခံရရှိသော ငွေများဖြင့် ကျပ်သိန်း ၃၀၀ ခန့်ကုန်ကျမည့် Drone ဝယ်ယူမည်ဖြစ်ကြောင်း သိရပါ သည်။

      ရွှေကူမြို့နယ်ရှိ ကျေးရွာများ အားလုံးနီးပါတွင် အကြမ်းဖက်သောင်းကျန်းသူ KIA – PDF များက စခန်းချ‌နေထိုင် လျှက်ရှိနေသည်ဟု ဆိုသည်။ မြို့ပေါ်ရှိ အကြမ်းဖက်အားပေး ဌာနဆိုင်ရာဝန်ထမ်းများ၊CDM လုပ်ထားသောဝန် ထမ်းများ၊ လုပ်ငန်းရှင်တစ်ချို့ ၊ NLDပါတီဝင်များ ၊ပရဟိတ အမည်ခံအကြမ်း ဖက်အား‌ပေးများက အကြမ်းဖက် KIA- PDFများအတွက် ရိက္ခာများ၊ သတင်းများ ပေးပို့ဆက်သွယ်လုပ်ဆောင်လျှက်ရှိသည်ဟု အဆိုပါ ဒေသခံရွာသားက ဆိုပါသည်။

#PAN