၁၄၄ ထုတ်ထားသည့် မွန်ပြည်နယ်မှ မြို့နယ်အချို့ အချိန်ဖြေလျော့ပေး

အောက်တိုဘာ ၂၇

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၁၄၄အရ အမိန့်ထုတ်ပြန်ထားသည့် မွန်ပြည်နယ်အတွင်းမှ မြို့နယ်အချို့ကို အချိန်ဖြေလျော့ပေးလိုက်ကြောင်း သိရသည်။

အဆိုပါအချိန်ဖြေလျော့မှုကို ယနေ့ သီတင်းကျွတ် လဆန်း( ၁၃ )ရက် အောက်တိုဘာလ ၂၂ ရက်ကစတင်ကာ ဖြေလျော့ပေးလိုက်ခြင်းဖြစ်ပြီး မြို့နယ်အတွင်း စုဝေးခြင်း၊ဟောပြောခြင်း၊ ယာဉ်တစ်မျိုးမျိုးကို အသုံးပြု၍ဖြစ်စေ၊လူကိုယ်တိုင်ဖြစ်စေ စီတန်းလှည့်လည်ခြင်း၊လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ်ပြုမူခြင်းများကို မပြုလုပ်ရန် တားမြစ်ထားသည့်အပြင် လူ(၅)ဦး သို့မဟုတ် (၅)ဦးထက်ပိုသောလူများသည် မြို့နယ်အတွင်း လမ်းမကြီးများ၊ အများပြည်သူသွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် သို့မဟုတ် အများပြည်သူနှင့်ဆိုင်သောနေရာများတွင် စုဝေးခြင်းမပြုလုပ်ရန် ဆက်လက်တားမြစ်ထားသည်။

ဖြေလျော့ပေးလိုက်သည့် မြို့နယ်များဖြစ်သည့် ပေါင်မြို့နယ်နှင့် သထုံမြို့နယ်တို့တွင် ယခင်သတ်မှတ်ထားသည့် ည ၁၀ နာရီမှ နံနက် ၄ နာရီအစား ည(၁၂)နာရီအချိန်မှ နံနက်(၄)နာရီအချိန်ဖြစ်ကြောင်း သိရပြီး ညမထွက်ရအမိန့်ဖြစ်ကြောင်း သိရသည်။

#PAN