တရုတ်ဝန်ကြီးချုပ်ဟောင်း လီကာချန်း ကွယ်လွန်

အောက်တိုဘာ ၂၇
တရုတ်ဝန်ကြီးချုပ်ဟောင်း လီကာချန်း Li Keqiang သည် ဒီကနေ့ သောကြာနေ့ မနက်ပိုင်းမှာ ရုတ်တရက် နှလုံးဖောက်ပြီး ကွယ်လွန်သွားကြောင်း သိရသည်။

ယခု ၎င်း ကွယ်လွန်ချိန်မှာ အသက် ၆၈နှစ်ရှိပြီဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်းလီကာချန်းသည် ဆယ်စုနှစ်တစ်စုအထိ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး တာဝန်မှအနားယူ ၁၀လခန့်အကြာဖြစ်သည့် ယနေ့တွင် နှလုံးရောဂါကြောင့်သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်