ကျိုက်ထိုမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ကွမ်းယာဝယ်ပြီးပြန်လာသော ရာအိမ်မှူး တစ်ဦး အသတ်ခံရ

အောက်တိုဘာ ၂၆

       မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ် ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ဦးကျော်မင်းဦး၊ ၅၉ နှစ်၊ (ဘ) ဦးအုန်းရွှေ၊ ဗမာ/ဗုဒ္ဓ၊ ရာအိမ်မှူး၊ မြောက်ပိုင်းရပ်ကွက်၊ ကျိုက်ထိုမြို့နေသူကို အကြမ်း ဖက် PDF အဖွဲ့ အမျိုး သား(စီစစ်ဆဲ) ၁ ဦးက ယနေ့ ညနေပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ပြီး ထွက်ပြေးသွားကြောင်း သိရသည်။

       ဖြစ်စဥ်မှာ ရာအိမ်မှူး ဦးကျော်မင်းဦး သည် မြောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် ကိုက် (၁၀၀)ခန့်အကွာ၊ မြောက်ပိုင်းရပ်ကွက်၊ သီတာလမ်းရှိ “ဘိုဘို” ကွမ်းယာဆိုင်တွင် ကွမ်းယာဝယ်ယူပြီး၍ Mon- 68W/61005 နံပါတ်ပါ HONDA WAVE 100 အမျိုးအစား ဖြူ/မဲရောင် ဆိုင်ကယ်ပေါ်သို့တက်၍ ပြန်ထွက်ရန်ပြင်စဉ် ညနေ ၄ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မြောက်ပိုင်းရပ်ကွက်၊ ငယ်ဒိုးကျေးရွာဘက်မှ အကြမ်းဖက် PDF အဖွဲ့ အမျိုးသား(စီစစ်ဆဲ) ၁ ဦးက ဆိုင်ကယ် အရောင်/အမျိုးအစား(စိစစ်ဆဲ)အား မောင်းနှင်ရောက်ရှိလာပြီး သေနတ်အတိုအမျိုးအစား (စိစစ်ဆဲ)ဖြင့် ၆ ချက်ခန့် ပစ်ခတ်သတ် ဖြတ်ခဲ့ခြင်း ဖြစ်သည်။

      အဆိုပါ သတ်ဖြတ်သူ အကြမ်းဖက် PDF အဖွဲ့ အမျိုးသားသည် ငယ်ဒိုးကျေးရွာလမ်းအတိုင်းဝင်းပြန်ကျေးရွာဘက်သို့ မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း အဆိုပါ ရပ်ကွက်နေပြည်သူများထံမှ သိရပါသည်။

      ထိုသို့ သေနတ်ဖြင့် ပသ်ခတ်မှုကြောင့် ဦးကျော်မင်းဦးတွင် ယာဦးခေါင်းကျည် ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ လည်ပင်းအောက်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲရင်ဘတ်ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ယာဝမ်း ဗိုက်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာပေါင်ရင်းကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ယာလက်ကောက် ဝတ် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာလက် ကောက်ဝတ် ကျိုးဒဏ်ရာ တို့ရရှိခဲ့ကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN