တောင်သာမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ၊မြို့နယ်ကော်မတီဝင်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တစ်ဦးကို အမည်မသိ အကြမ်းဖက်သမား PDF ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေး

အောက်တိုဘာ ၂၄

      မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ အရှေ့မကျီးပင်ကျေးရွာ၊တောင်သာ-ကျောက်ပန်းတောင်းသွား ကားလမ်းဘေး၌ တောင်သာမြို့ နယ် ပြည်ခိုင်ဖြိုးပါတီ၊မြို့နယ်ကော်မတီဝင်နှင့်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး တစ်ဦးကို အမည်မသိ အကြမ်း ဖက်သမား PDF ၂ ဦးက ယနေ့ ညနေပိုင်းတွင် သေ နတ်ဖြင့် ပစ်ခတ်ပြီး ထွက်ပြေးသွားသည်ဟု သိရပါ သည်။

      ဖြစ်စဥ်မှာ တောင်သာမြို့နယ်၊ဝဲလောင်ကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်ထွန်းနိုင်၊၅၀နှစ်၊(ဘ) ဦးတင်ဆင့်၊ဝဲလောင်ကျေးရွာ၊တောင်သာမြို့နယ်နေသူသည် တောင်သာမြို့သို့ ဈေးဝယ်ရန် သွားရောက်ခဲ့ပြီး ဝဲလောင်ကျေးရွာသို့ 80W/49522 HONDA -110 (အနက်ရောင်) ဆိုင်ကယ်ဖြင့် တစ်ဦးတည်း ပြန်လာစဉ် အခင်းဖြစ်နေရာအရောက်တွင် ဆိုင်ကယ် ၁စီး(အမျိုးအစား စိစစ်ဆဲ)ဖြင့် အမည်မသိ အကြမ်းဖက် PDF ၂ ဦးသည် နောက်မှ ကျော်တက်ပြီး ဘေးချင်းယှဉ်လျှက် သေနတ် အရှည်(စိစစ်ဆဲ)(ပုဆိုးဖြင့်ပတ်လျှက်)ဖြင့် ၆ ချက်ခန့်ပစ်ခတ်ကာ တောင်သာ – ကျောက်ပန်းတောင်း ကားလမ်းအတိုင်း မောင်းနှင် ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

      ထိုသို့ ပစ်ခတ်မှုကြောင့် ဦးတင်ထွန်းနိုင် တွင် ယာလက်ကောက်ဝတ် ဖောက်ဝင် ပေါက်ပြဲကြေမွဒဏ်ရာ ၁ ချက်၊ဝဲ-လက်မောင်း ဖောက်ဝင်ဒဏ် ရာ ၂ ချက် (စိုးရိမ်ရ)ရရှိခဲ့သည်။

      မန္တလေးတိုင်းဒေသကြီးအတွင်း PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် အင်အားအများအပြားဖြင့် စုဖွဲ့လှုပ်ရှားမှုများမရှိသော်လည်း အင်အား ၂ ဦး၊ ၃ ဦးခန့်ဖြင့် ဆိုင်ကယ်များစီးနင်းပြီး ရပ်ကွက်ကျေးရွားအတွင်းရှိ အုပ်ချုပ်ရေးမှူးများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များကို ပစ်မှတ်ထား၍ ယခုလို လိုက်လံ ပစ်ခတ်သတ်ဖြတ်လျက်ရှိသည်။

#PAN