၂၀၂၂ ခုနစ်နောက်ပိုင်း ပထမဆုံး အေတီပီချန်ပီ ယံဆုကို ရရှိခဲ့တဲ့ မွန်ဖေး

အောက်တိုဘာ ၂၄

    အောက်တိုဘာ ၂၂ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ စတော့ဟုမ်း အိုးပင်းပြိုင်ပွဲမှာ ပြင်သစ်တင်းနစ်သမား မွန်ဖေး ဟာ ရုရှား တင်းနစ်သမား ကိုတော့ဗ် ကို အနိုင်ရရှိခဲ့ပြီး ၂၀၂၂ ခုနစ်နောက်ပိုင်း ပထမဆုံးအေတီပီချန်ပီယံဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

      အသက် ၂၄ နှစ်အရွယ် ကိုတော့ဗ် က အခုနှစ်ပြိုင်ပွဲကို အကောင်းဆုံးလက်စွမ်းတွေပြသကာ ဗိုလ် လုပွဲအဆင့် အထိ တက်ရောက်လာနိုင်ခဲ့တာဖြစ်ပါတယ်။

      မွန်ဖေး က ၄း၆၊ ၇း၆၊ ၆း၃ ဆိုတဲ့ ရလဒ်နဲ့အနိုင်ရရှိခဲ့ပြီး ကစားသမားဘဝ ၃၇ ခုမြောက် အေတီပီတိုး ချန်ပီယံဆုကို ရယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ မွန်ဖေး ဟာ ဖက်ဒရာ၊ ကာလိုဗစ်နဲ့ လိုပက်ဇ်တို့ပြီးနောက် ၁၉၉၀ နောက်ပိုင်း စတော့ဟုမ်းအိုးပင်းချန်ပီယံဆုကိုရတဲ့ စတုတ္ထမြောက် အသက် ၃၇ နှစ် နဲ့အထက် ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။

#PAN